[English version below] မဂ္ဂပညာရေးစင်တာမှ English for Human Resources Professionals သင်တန်းကို ဇွန်လ (၂၆) ရက်နေ့တွင် ဖွင့်လှစ်သွားမည့်အကြောင်း မိတ်ဆွေများကို သတင်းကောင်းပါးအပ်လိုက်ပါသည်။
သင်သည်
✅ သင်၏ အလုပ်ခွင်တွင် လူသားအရင်းအမြစ်စီမံခန့်ခွဲရေးနှင့် ပတ်သက်၍ တာဝန်ယူရသူ၊
✅ အခြားသူများနှင့် အဖွဲ့လိုက်လုပ်ဆောင်ရသည့် အလုပ်များတွင် တာဝန်ယူရသူ၊ သို့မဟုတ် အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်ရသူ၊
✅ လုပ်ငန်းခွင် တွင်အင်္ဂလိပ်ဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုနေရသူဖြစ်ပြီး မိမိ၏လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ စွမ်းရည်ကို မြှင့်တင်လိုပါက
ဤ English for Human Resource Professionals (EHRP)သင်တန်းသည် သင့်အတွက် အသုံးဝင်ပါလိမ့်မည်။
သင်တန်းကို သောကြာ၊ စနေနေ့ နှင့် တနင်္ဂနွေနေ့များတွင် တစ်ပတ်လျှင် (၃) ရက်သာ အွန်လိုင်းမှတဆင့် တက်ရောက်ရမှာဖြစ်တဲ့အတွက် အချိန်ပြည့် ရုံးတက်နေရသူများအတွက်လည်း အဆင်ပြေနိုင်တဲ့ သင်တန်းတစ်ခု ဖြစ်ပါတယ်။ သင်တန်းကိုလည်း မတူညီတဲ့ လုပ်ဆောင်မှု (activity) များနှင့် အသုံးပြုသင်ကြားဆွေးနွေးသွားမှာ ဖြစ်တဲ့အတွက် သင်တန်းသားများအတွက် ပိုပြီးထိရောက်တဲ့ သင်ယူမှု လေ့ကျင့်မှု များ ဖြစ်ပေါ်လာအောင် ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
📅 သင်တန်းစတင်မည့်နေ့။ ။ ဇွန်လ (၂၆) ရက်၊ ၂၀၂၀ ခုနှစ်။
📅 သင်တန်းနေ့ရက်။ ။ သောကြာနေ့၊ စနေနေ့ နှင့် တနင်္ဂနွေနေ့ ။
⏱ သင်တန်းအချိန်။ ။ ညနေ (၆:၀၀) နာရီ မှ (၈:၀၀) နာရီ။
📅 သင်တန်းကာလ။ ။ ဇွန်လ (၂၆) ရက်နေ့မှ ဇူလိုင်လ (၂၆) ရက်နေ့ထိ တစ်ပတ် (၃ ရက်)။
🕹 သင်တန်းကြေး။ ။ ၁၀၀,၀၀၀ ကျပ်။
🕹 သင်တန်းပုံစံ။ ။ သင်တန်းကို အွန်လိုင်းကနေ သင်ကြားပေးသွားမှာ ဖြစ်ပြီး သင်တန်းကို အင်တာနက်ရရှိသည့် မည်သည့်နေရာမှမဆို တက်ရောက်နိုင်ပါသည်။ သင်တန်းကို အွန်လိုင်းပလက်ဖောင်းတစ်ခုဖြင့် သောကြာနေ့၊ စနေနေ့ နှင့် တနင်္ဂနွေနေ့ ညနေများတွင် မျက်နှာချင်းဆိုင် အတူတကွ လေ့လာသင်ယူသွားကြရမှာ ဖြစ်သည်။ သင်တန်းအတွက် ဖတ်စရာများ၊ ပါဝါပွိုင့်များ၊ handouts များ၊ materials များ နှင့် assignment များကို လည်း အွန်လိုင်း ပလက်ဖောင်း အသုံးပြုထားသောဒစ်ဂျစ်တယ်စာသင်ခန်းပေါ်တွင် မျှဝေပေးသွားမှာ ဖြစ်ပြီး မိမိနှင့် သင့်တော်သည့်အချိန်များတွင် အချိန်မရွေး ပြန်လည် ကြည့်ရှုလေ့လာသင်ယူနိုင်မှာ ဖြစ်သည့်အတွက် မိမိ၏ လေ့လာသင်ယူမှုကို ပိုမိုပြီး အထောက်အကူဖြစ်စေမည့် သင်တန်းဖြစ်ပါသည်။
🕹 သင်တန်း၀င်ခွင့်လိုအပ်ချက် အင်္ဂလိပ်စာ စွမ်းရည် အဆင့်သတ်မှတ်ချက် Pre-intermediate (သို့မဟုတ်) Common European Framework of Reference for Languages (CEFR) B1 Level အနည်းဆုံး ရှိရမှာဖြစ်ပြီး Proof of language level ကို မတင်ပြနိုင်ပါက Magga Education မှစစ်ဆေးပေးမည့် Placement test ကိုဖြေဆိုရပါမည်။
လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံမှာ ဖြစ်တဲ့အတွက် ဖုန်းနံပါတ် ၀၉ ၄၀၇၃၄၈၁၈၅ (သို့မဟုတ်) အီးမေးလ် contact@maggaeducation.com (သို့မဟုတ်) မက်ဆေ့ချ်ကနေ အမြန်ဆုံး ဆက်သွယ်ပြီး ဘယ်လိုစာရင်းသွင်းရမလဲဆိုတာ မေးမြန်းဖို့ တိုက်တွန်းလိုက်ရပါတယ်။
သင်တန်းတွင် သင်ကြားမည့် ခေါင်းစဉ်များ။
🔸Recruitment
🔸Selection
🔸Employee Relations
🔸HR Development
🔸Reward and Remuneration
🔸Industrial Relation
🔸Making Presentation
🔸Formal email writing
သင်တန်းကို ဦးဆောင်သင်ကြားမည့်သူ၏ ကိုယ်ရေးအကျဉ်း။
သင်တန်းကို ဦးဆောင်သင်ကြားမည့်သူ ဆရာမသဇင်ငြိမ်းကျော်သည် မဂ္ဂပညာရေးစင်တာကိုပူးတွဲတည်ထောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ပညာရေးဆိုင်ရာ Education Consultant တစ်ဦး ဖြစ်ပါသည်။ သူမသည် အမေရိကန်နိုင်ငံ၊ ဗားမောင့်ပြည်နယ်ရှိ SIT Graduate Institute တက္ကသိုလ်မှ International Education ဘာသာရပ်ဖြင့် မာစတာဘွဲ့ရရှိထားသူ ဖြစ်ပါသည်။ သူမသည် အရှေ့ပိုင်းတက္ကသိုလ်မှ အင်္ဂလိပ်စာအထူးပြုဘာသာရပ်ဖြင့် ဘွဲ့ရရှိထားပြီး အင်္ဂလိပ်စာသင်ကြားရေးတွင် ဆယ်နှစ်ကျော် အတွေ့အကြုံရှိသူတစ်ယောက် ဖြစ်ပါသည်။ ဆရာမ သဇင်ငြိမ်းကျော်သည် လက်ရှိတွင် ပညာရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာ ပရောဂျက်များကို လုပ်ဆောင်နေသည့် နိုင်ငံတကာအဖွဲ့အစည်း နှင့် ပြည်တွင်းအဖွဲ့အစည်းများအတွက် Consultant အဖြစ် ဆောင်ရွက်ပေးနေသူ ဖြစ်ပါသည်။ ဆရာမသည် ပုဂ္ဂလိကကုမ္ဗဏီများအပါအဝင် အခြားသော အဖွဲ့အစည်းများတွင် မတူညီသော ခေါင်းစဥ်များဖြင့် သင်တန်းများ ပို့ချပေးခဲ့ဖူးသူ တစ်ဦးဖြစ်ပါသည်။ မူကြိုကျောင်းများ၊ အင်္ဂလိပ်စာသင်တန်းကျောင်းများစသည့် သင်တန်းကျောင်းစတင်ဖွင့်လှစ်လိုသော အဖွဲ့အစည်းများအတွက်သင်ရိုးညွန်းတမ်းရေးဆွဲခြင်း Curriculum development မှ စစ်ဆေးခြင်း Assessment ထိ အကြံပေးခြင်းနှင့် Teacher Training များကို မျှဝေပေးနေသူတစ်ဦးလည်း ဖြစ်ပါသည်။
The English for Human Resources Professionals course is for people who are working in the Human Resources Management fields and want to improve their English so that they can better communicate and effectively work in multicultural and diverse teams. This course is also suitable for people who generally want to improve their communicative English in their workplaces.The class will convene online on Friday, Saturday and Sunday. Therefore, it is also suitable for office people who have to work full time. The class will include different activities and practices to enhance participants’ learning.
Contents:
🔸Recruitment
🔸Selection
🔸Employee Relations
🔸HR Development
🔸Reward and Remuneration
🔸Industrial Relation
🔸Making Presentation
🔸Formal email writing
📅 Start date: June 26, 2020
📅 Days: Friday, Saturday & Sunday
⏱ Time: 6:00 pm – 8:00 pm
📅 Duration: June 26 –July 26, 2020
🕹 Fees: 100,000 Kyats
🕹 Limited seats only
🕹Training Method: This online course will use an online platform to meet face-to-face on Friday, Saturday and Sunday from 6:00 PM – 8:00 PM. Course materials including PowerPoints, reading materials, handouts and assignments will be available online. As participants can browse and learn those resources according to their available and comfortable time, it will be very supportive for their learning.
🔸 Who should attend?
This English for Human Resource Professionals (EHRP) course is ideally for HR and training professionals who need to improve their English Communication skills in a work-related context.
🔸 English level requirement
In order to be able to enroll for this course, you will have to have at least pre-intermediate level of English (or) the equivalent of Common European Framework of Reference for Languages (CEFR) B1 Level. If you do not have the proof of language level, Magga Education will provide a placement test for you.
Please call 09 40734 8185 (or) email: contact@maggaeducation.com (or) send us a message via messenger to inquire how to register!
Trainer Profile
Thazin Nyein Kyaw is Co-founder and Education Consultant for Magga Education. She holds a bachelor of arts in English from the University of East Yangon and a Master of Art in International Education from SIT Graduate Institute, Vermont, USA. She has more than 10 years of experience in teaching English to young and adult learners. Currently, she has been consulting for local and international organizations which are implementing some educational reform projects. She has provided different topics for different private and public organizations. She also works in the fields of curriculum development, assessment and teacher training for school administrations which want to establish pre-schools and other English language centers.
