“ကျမ recommend ပေးရတာမျိုးဝန်လေးသူတစ်ယောက်ပါ၊ အနည်းဆုံး ၈၀ % လောက် အာမခံချက်ပေးနိုင်မှ recommend လုပ်လေ့ရှိတာပါ။ သို့သော် ဒီသင်တန်းလေး ကတော့ recommend မပေးဘဲ မနေနိုင်အောင်ပါ၊ နှစ်ဟောင်း နှစ်သစ် စပ်ကူးမတ်ကူးကာလလေးမှာ ကျမတို့အဖွဲ့ ကံကောင်းထောက်မစွာ သင်ဆိုင်ရာ နယ်ပယ်မှာ ထူးချွန် ကျွမ်းကျင်ရုံမက စေတနာအပြည့် နဲ့ စိတ်ရှည်လွန်းတဲ့ ကျမတို့ရဲ့ ဆရာ Sai Aung Thein နဲ့ Training Design and Facilitation training လေး သင်ယူခွင့်ရခဲ့ကြတယ်။ အဖိုးမဖြတ်နိုင်အောင်ပါ။ Training design နဲ့ ပတ်သက်လို့ သီအိုရီအရ ရော လက်တွေ့အပိုင်းမှာပါ စိတ်ကျေနပ်မှု အပြည့်ရှိမှာ မို့ အချိန်ပေးနိုင်ရင် တက်ရောက်ကြဖို့ အကြံပြုချင်တယ်။ တက်ပြီးသွားရင် ကျေးဇူးတင်လိုက်တာ လို့ မပြောဘဲ မနေနိုင်ဖြစ်သွားပါလိမ့်မယ်။” ~Mai Thin Yu Mon~
