မဂ္ဂသည် ၎င်း၏ Training Design and Facilitation သင်တန်းကို လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ ဒီဇင်ဘာလ (၁) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ သင်တန်းကို အောင်မြင်စွာ တက်ရောက်ခဲ့ကြတဲ့ သင်တန်းသူ၊ သင်တန်းသားများအားလုံး Congratulations ပါလို့ မဂ္ဂမှ ဂုဏ်ပြုစကား ပြောကြားလိုပါတယ်။
သင်တန်း (၆) ရက်တာကာလတွင် သင်တန်းသားများသည် မတူညီကွဲပြားတဲ့ လုပ်ဆောင်ချက် (activity) ပေါင်းမြောက်များစွာမှာ ပူးပေါင်းပါဝင်ပြီး အတူတကွဆွေးနွေး လေ့လာသင်ယူသွားခဲ့တာ ဖြစ်ပါတယ်။ သင်တန်းဆရာကောင်းတစ်ယောက်ရဲ့ အခန်းကဏ္ဍ နဲ့ အရည်အချင်းများ၊ သင်ယူခြင်း နှင့် သင်ကြားခြင်းဆိုင်ရာ အတွေးအခေါ်များ၊ သီအိုရီများ နှင့် လက်တွေ့အသုံးချမှုများ၊ အရွယ်ရောက်သူများ သင်ယူခြင်းဆိုင်ရာ သီအိုရီများကို သင်ယူခဲ့ကြတာ ဖြစ်ပါတယ်။
သင်တန်းသားများသည် အတွေ့အကြုံကနေသင်ယူခြင်းဆိုင်ရာသီအိုရီကို သင်တန်းဒီဇိုင်းရေးဆွဲရာတွင် မည်ကဲ့သို့ အသုံးပြုနိုင်သလဲဆိုတာကိုလဲ လေ့လာခဲ့ကြပါတယ်။ သင်တန်းတစ်ခုရဲ့ ဒီဇိုင်းကို ဘယ်လိုရေးဆွဲရသလဲ၊ သင်တန်းဒီဇိုင်းတစ်ခု မရေးဆွဲခင် ဘာတွေသိထားဖို့လိုသလဲ၊ သင်တန်းတစ်ခုရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ဆောင်သွားမယ်ဆိုတာကို မတူညီတဲ့ Training Techniques သင်တန်းပေးခြင်းနည်းလမ်းများစွာကို လေ့လာသင်ယူခဲ့ကြပါတယ်။
သင်တန်းဆရာတစ်ယောက်အနေနဲ့ သင်တန်းတစ်ခု အောင်မြင်၊ မအောင်မြင်ဆိုတာကို မည်ကဲ့သို့ ဆန်းစစ်ပြီးတော့ evaluate လုပ်မလဲ၊ Feedback ယူခြင်း၊ ပေးခြင်းနဲ့ ပါတ်သက်ပြီးတော့လဲ ထိထိရောက်ရောက် မည်ကဲ့သို့ ပေးသင့်သလဲ ဆိုတာကိုလဲ လေ့လာသင်ယူခဲ့ကြပါတယ်။
ဤသင်တန်းကို တက်ရောက်ခဲ့တဲ့ သင်တန်းသားများရဲ့ သဘောထားမှတ်ချက်တချို့ကို မျှဝေလိုက်ပါတယ်။
👉👉👉 “Adult Learning နှင့် ပတ်သက်၍ အရွယ်ရောက်သူသင်ကြားမှုနည်းသည် အရမ်းအသုံးဝင်သည်။ ကိုယ်တိုင် Training ပေးရာတွင်လည်း အရွယ်ရောက်သူတွေအား facilitate လုပ်မှာ ဖြစ်သည့်အတွက် အလုပ်အတွက် အရမ်းအသုံးဝင်သည်။” 👉👉👉
😊😊😊“Experiential Learning Cycle (ELC) ပုံစံသည်လည်း Training ပေးရာတွင် အရေးပါအရာရောက်ကြောင်း သိရသည်။ အတွေ့အကြုံမှ သင်ယူခြင်းသည် ပိုထိရောက်ကြောင်းသိရသည်။”😊😊😊
👍👍👍“သင်ကြားနည်း strategy များအား လက်တွေ့ အသုံးချတတ်သွားစေပါသည်။”👍👍👍
✅✅✅“Training တစ်ခု ပေးတော့မည်ဆိုလျှင် ပေးချင်တဲ့ ရည်ရွယ်ချက်ရောက်အောင်၊ ရည်မှန်းချက် ပြည့်ဝအောင် ဘယ်လိုလုပ်ဆောင်ရမည်တို့ကို ကြိုတင်ပြင်ဆင် Design ဆွဲတတ်စေရန် သင်ယူရပါသည်။” ✅✅✅
👍👍👍“ဒီသင်တန်းတက်လိုက်တော့ လူတဘက်သားကို (သင်တန်းသားတွေဘက်က) ထည့်တွက်စဥ်းစားမိလာတယ်။ လူတိုင်းရဲ့ အသံသည် အရေးကြီးကြောင်းသိရှိလာပြီးတော့ အကုန်ပူးပေါင်းပါဝင်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိလာတယ်။” 👍👍👍
😊😊😊“Participants တွေ မေးခွန်းများ မေးလာလျှင် ဖြေကြားရမည့်ပုံစံနှင့် သူတို့အား မေးခွန်းမေးတတ်သည့် skill ရှိလာပါသည်။” 😊😊😊
ဤသင်တန်းကို တက်ရောက်ဖို့ စိတ်ဝင်စားပါက နောက်ဖွင့်မည့်ရက်စွဲကို ကြေညာသည့်အချိန်အား ကျွန်ုပ်တို့ရဲ့ ဒီဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ စောင့်ကြည့်သွားဖို့ တိုက်တွန်းလိုက်ရပါတယ်။ သင်တန်းအကြောင်းကို သိလိုတာများရှိရင်လဲ ဖုန်း 09 40734 8185 (သို့မဟုတ်) မက်ဆင်ဂျာ၊ (သို့မဟုတ်) အီးမေးလ် contact@maggaeducation.com ကနေတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Magga Education finished its Training Design and Facilitation course successfully December 1, 2019. Congratulations to all participants who successfully completed a six-day intensive training. Participants had participated in many interactive activities and learned about roles of trainers, qualities of good trainers/facilitators, learning and training styles, training pedagogies including adult learning, experiential learning and engaged pedagogy.
Participants also learned about how to use different pedagogies and different techniques in designing an effective training/workshop. They also got a chance to apply what they have learned from the course by designing and conducting a workshop.
Magga Education likes to thank all participants for their active participation and enthusiasm to learn to become a better trainer/facilitator. Wish you all the best for your future endeavor as a trainer, facilitator, and educator.
If you are interested in learning more about this Training Design and Facilitation course, please contact us via phone: 09 40734 8185 or via messenger, or via email: contact@maggaeducation.com.
