Skip to content
Learn with us to ensure your success
facebook
youtube
linkedin
Magga Education
Call Support 09 44802 1331
Email Support contact@maggaeducation.com
  • Home
  • About us
  • Programs
    • Online Courses
    • Youth Development Program
      • Soft Skills for Youth Development
    • Educators Development Program
    • Training Program
    • English Language Program
  • Scholarships
  • Resources
  • Work with us
    • Job Vacancy
  • News
  • Contact us

Magga Education started its second batch of Training Design and Facilitation Course

Home > News > Magga Education started its second batch of Training Design and Facilitation Course

Magga Education started its second batch of Training Design and Facilitation Course

Posted on January 30, 2020January 27, 2021 by Sai Aung Thein
0
Training Design and Facilitation Course (Batch II)

မဂ္ဂပညာ‌‌ရေးရဲ့ ဒုတိယအကြိမ်မြောက် Training Design and Facilitation သင်တန်းကို လွန်ခဲ့တဲ့ စနေနေ့ ဇန်နဝါရီလ (၂၅) ရက်နေ့က စတင်လိုက်ပြီဖြစ်ပါတယ်။ ပထမ (၂) ရက်တွင် သင်တန်းသားများသည် မတူညီတဲ့ လုပ်ဆောင်ချက်များစွာမှာ ပူးပေါင်းပါဝင်ပြီး သင်ယူမှု ပတ်ဝန်းကျင်တစ်ခုကို မည်ကဲ့သို့ အတူတကွ ဖန်တီးနိုင်သလဲဆိုတာကို လေ့လာသင်ယူခွင့်ရခဲ့ပါတယ်။ ပြီးတော့ သူတို့ မည်ကဲ့သို့ သင်တန်းဆရာမျိုးဖြစ်ချင်သလဲ၊ သင်တန်းဆရာတစ်ယောက်ရဲ့ အခန်းကဏ္ဍတွေကဘာတွေလဲဆိုတာကို စဥ်းစားဖော်ထုတ်ပြီး သင်တန်းဆရာကောင်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးတွေကိုလဲ ဖော်ထုတ်ခဲ့ပါတယ်။ သင်တန်းသားများသည် သင်ယူမှုဆိုင်ရာ အတွေးအခေါ်တွေ၊ သီအိုရီတွေဖြစ်တဲ့ အရွယ်ရောက်သူများသင်ယူခြင်းတို့ကို လေ့လာပြီး အရွယ်ရောက်သူတွေကို သင်တန်းပေးရာမှာ မည်ကဲ့သို့ ထိရောက်စွာပေးနိုင်သလဲဆိုတာကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

သင်တန်း ဒုတိယနေ့မှာတော့ သင်ယူမှုပုံစံ (Learning Styles) တွေကို လေ့လာခဲ့ကြပြီး၊ သူတို့ ဘယ်လိုမျိုးသင်ယူမှုပုံစံတွေကို ပိုအားသာသလဲဆိုတာကို ဆန်းစစ်ခွင့်လဲ ရခဲ့ပါတယ်။ မတူညီတဲ့ သင်ယူမှုပုံစံရှိတဲ့ သင်တန်းသားများကို ဘယ်လိုမျိုး နည်းလမ်းတွေသုံးပြီး သူတို့ရဲ့ သင်ယူမှုကို ပံ့ပိုးပေးနိုင်မလဲဆိုတာလဲ ဆွေး‌နွေးခဲ့ကြပါတယ်။

လာမယ့်အပတ်တွေကြရင် သင်တန်းသားတွေသည် အတွေ့အကြုံကနေသင်ယူခြင်း နဲ့ အခြားပူးပေါင်းပါဝင်မှုဆိုင်ရာ နည်းလမ်းတွေကို အသုံးပြုပြီး သင်တန်းဒီဇိုင်း (သို့) အလုပ်ရုံဆွေးနွေးပွဲဒီဇိုင်း တစ်ခုကို မည်ကဲ့သို့ ရေးဆွဲနိုင်မလဲဆိုတာကို လေ့လာဆွေး‌နွေးသွားမှာ ဖြစ်ပါတယ်။

အကယ်၍ ကျွန်ုပ်တို့ရဲ့ ဒီ Training Design and Facilitation သင်တန်းကို တက်ရောက်ဖို့ စိတ်ဝင်စားပါက နောက်ဖွင့်မယ့် အချိန်ဇယားကို မကြာခင်မှာ ကြေညာပေးသွားမှာပါ။ ကျွန်ုပ်တို့ရဲ့ ဒီဖေ့စ်ဘွတ်ခ် စာမျက်နှာ (သို့) ဝက်ဘ်ဆိုဒ် စာမျက်နှာကနေ စောင့်ကြည့်ပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Last Saturday on January 25, Magga started its second batch of Training Design and Facilitation course with diverse participants from different backgrounds. In the first two days, participants learned how to co-create a learning environment by engaging in many activities such as warm-up, norms and environment setting and other participatory approaches. Participants also got a chance to reflect on what kind of trainers they wanted to be and what the roles of trainer/facilitator are. Participants also had an opportunity to explore some of the philosophies of learning including adult learning theory and how to be more effective in training adults.

On the second day, participants learned about different characteristics of learning styles, what their preferences were and different strategies on how to serve all learners. Participants are getting hand-on experiences on these different training skills and they are enjoying what they have learned so far.

In coming weeks, participants will learn how to design a training or workshop by using different kinds of training pedagogies and techniques including experiential learning and other approaches.

If you are interested in attending this course, please keep an eye on our future announcement for the next batch. Thank you!

Recent Posts

  • Educators Development Program
  • Applications for Soft Skills for Youth Development, Term 3 are OPEN!
  • STATEMENT: Informing about some emerging educational organizations which have similar names with Magga Education
  • Magga Education Kicked Off Its Soft Skills for Youth Development Term 2, 2022
  • Magga Education held graduation ceremony for Soft Skills for Youth Development Term 1 Graduates

Recent Comments

    Archives

    • September 2022
    • July 2022
    • June 2022
    • May 2022
    • December 2021
    • November 2021
    • October 2021
    • January 2021
    • December 2020
    • May 2020
    • March 2020
    • February 2020
    • January 2020
    • December 2019
    • January 2019
    • March 2017
    • February 2017

    Categories

    • Blog
    • Client Section
    • News
    • Portfolio
    • Scholarship
    • Slider
    • Testimonial
    • Training Offered
    • Uncategorized

    Meta

    • Register
    • Log in
    • Entries feed
    • Comments feed
    • WordPress.org

    Magga Education is providing good education and training to enhance capacity of people in Myanmar. We offer English Language, Training and Art Programs.

    Socialize

    Facebook
    Linkedin

    Training Design and Facilitation Online Course

    https://www.youtube.com/watch?v=LvfWu77z9j0
    Contact
    +95 9 44802 1331
    contact@maggaeducation.com
    © 2026 Magga Education | WordPress Theme: Enlighten