Skip to content
Learn with us to ensure your success
facebook
youtube
linkedin
Magga Education
Call Support 09 44802 1331
Email Support contact@maggaeducation.com
  • Home
  • About us
  • Programs
    • Online Courses
    • Youth Development Program
      • Soft Skills for Youth Development
    • Educators Development Program
    • Training Program
    • English Language Program
  • Scholarships
  • Resources
  • Work with us
    • Job Vacancy
  • News
  • Contact us

Training Design and Facilitation (Batch II) Course successfully completed

Home > Portfolio > Training Design and Facilitation (Batch II) Course successfully completed

Training Design and Facilitation (Batch II) Course successfully completed

Posted on February 21, 2020February 21, 2020 by Sai Aung Thein
0

👏👏👏🎉🎉🎉Congratulations to all participants who just successfully completed Training Design and Facilitation course! 👏👏👏🎉🎉🎉

[English version below] မဂ္ဂသည် ၎င်း၏ Training Design and Facilitation (Batch II) သင်တန်းကို လွန်ခဲ့တဲ့ တနင်္ဂနွေနေ့တွင် အောင်မြင်စွာ ကျင်းပပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ သင်တန်းကို အောင်မြင်စွာ တက်ရောက်ခဲ့ကြတဲ့ သင်တန်းသူ၊ သင်တန်းသားများအားလုံး Congratulations ပါလို့ မဂ္ဂမှ ဂုဏ်ပြုစကား နှုတ်ခွန်းဆက်သလိုက်ပါတယ်။

သင်တန်း (၆) ရက်၊ (၄) ပတ်တာကာလတွင် သင်တန်းသားများသည် မတူညီကွဲပြားတဲ့ လုပ်ဆောင်ချက် (activity) ပေါင်းမြောက်များစွာမှာ ပူးပေါင်းပါဝင်ပြီး အတူတကွဆွေးနွေး လေ့လာသင်ယူသွားခဲ့တာ ဖြစ်ပါတယ်။ သင်တန်းဆရာကောင်းတစ်ယောက်ရဲ့ အခန်းကဏ္ဍ နဲ့ အရည်အချင်းများ၊ သင်ယူခြင်း နှင့် သင်ကြားခြင်းဆိုင်ရာ အတွေးအခေါ်များ၊ သီအိုရီများ နှင့် လက်တွေ့အသုံးချမှုများ၊ အရွယ်ရောက်သူများ သင်ယူခြင်းဆိုင်ရာ သီအိုရီများကို သင်ယူခဲ့ကြတာ ဖြစ်ပါတယ်။

သင်တန်းသားများသည် အတွေ့အကြုံကနေသင်ယူခြင်းဆိုင်ရာသီအိုရီကို သင်တန်းဒီဇိုင်းရေးဆွဲရာတွင် မည်ကဲ့သို့ အသုံးပြုနိုင်သလဲဆိုတာကိုလဲ လေ့လာခဲ့ကြပါတယ်။ သင်တန်းတစ်ခုရဲ့ ဒီဇိုင်းကို ဘယ်လိုရေးဆွဲရသလဲ၊ သင်တန်းဒီဇိုင်းတစ်ခု မရေးဆွဲခင် ဘာတွေသိထားဖို့လိုသလဲ၊ သင်တန်းတစ်ခုရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ဆောင်သွားမယ်ဆိုတာကို မတူညီတဲ့ Training Techniques သင်တန်းပေးခြင်းနည်းလမ်းများစွာကို လေ့လာသင်ယူခဲ့ကြပါတယ်။

သင်တန်းဆရာတစ်ယောက်အနေနဲ့ သင်တန်းတစ်ခု အောင်မြင်အောင်မည်ကဲ့သို့ Feedback ‌တောင်းမလဲ၊ Feedback ယူခြင်း၊ ပေးခြင်းနဲ့ ပါတ်သက်ပြီးတော့လဲ ထိထိရောက်ရောက် မည်ကဲ့သို့ ပေးသင့်သလဲ ဆိုတာကိုလဲ လေ့လာသင်ယူခဲ့ကြပါတယ်။

သင်တန်းသားများသည် သူတို့သင်ယူရရှိခဲ့တဲ့ သင်ခန်းစာများကို သူတို့ကိုယ်ပိုင် သင်တန်းဒီဇိုင်းများရေးဆွဲပြီး သူများကို သင်တန်းပေးခြင်းဖြင့် လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

သင်တန်းကို အောင်မြင်စွာတက်ရောက်ခဲ့ကြတဲ့ သင်တန်းသူ၊ သင်တန်းသားများအားလုံးကို မဂ္ဂပညာရေးစင်တာမှ အထူးကျေးဇူးတင်‌ကြောင်းပြောကြားလိုပါတယ်။ နောင်အနာဂါတ်တွင် ပိုပြီးကောင်းမွန်တဲ့၊ ပိုပြီးထိရောက်တဲ့ သင်တန်းဆရာ ဆရာမများအားလုံး ဖြစ်လာကြပါစေလို့လဲ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ နောက်တစ်ခေါက် ပြန်ဆုံတွေ့ကြဖို့ မျှော်လင့်ရင်း။

ဤသင်တန်းကို တက်ရောက်ဖို့ စိတ်ဝင်စားပါက နောက်ဖွင့်မည့်ရက်စွဲကို ကြေညာသည့်အချိန်အား ကျွန်ုပ်တို့ရဲ့ ဒီဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ စောင့်ကြည့်သွားဖို့ တိုက်တွန်းလိုက်ရပါတယ်။ သင်တန်းအကြောင်းကို သိလိုတာများရှိရင်လဲ ဖုန်း 09 40734 8185 (သို့မဟုတ်) မက်ဆင်ဂျာ၊ (သို့မဟုတ်) အီးမေးလ် contact@maggaeducation.com ကနေတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Magga Education finished its Training Design and Facilitation (Batch II) course successfully last Sunday. Congratulations to all participants who successfully completed a six-day (four weeks) intensive training. Participants had participated in many interactive activities and learned about roles of trainers, qualities of good trainers/facilitators, learning and training styles, training pedagogies including adult learning, experiential learning and engaged pedagogy.

Participants also learned about how to use different pedagogies and different techniques in designing an effective training/workshop. They also got a chance to apply what they have learned from the course by designing and conducting a workshop.

Magga Education likes to thank all participants for their active participation and enthusiasm to learn to become a better trainer/facilitator. Wish you all the best for your future endeavor as a trainer, facilitator, and educator. See you all next time!

If you are interested in learning more about this Training Design and Facilitation course, please contact us via phone: 09 40734 8185 or via messenger, or via email: contact@maggaeducation.com.

#TrainingDesignAndFacilitation #TDF #MaggaEducation #Congratulations #Graduation #AwesomeTrainers #GreatFacillitators

Tags: TrainingDesignFacilitation

Recent Posts

  • Educators Development Program
  • Applications for Soft Skills for Youth Development, Term 3 are OPEN!
  • STATEMENT: Informing about some emerging educational organizations which have similar names with Magga Education
  • Magga Education Kicked Off Its Soft Skills for Youth Development Term 2, 2022
  • Magga Education held graduation ceremony for Soft Skills for Youth Development Term 1 Graduates

Recent Comments

    Archives

    • September 2022
    • July 2022
    • June 2022
    • May 2022
    • December 2021
    • November 2021
    • October 2021
    • January 2021
    • December 2020
    • May 2020
    • March 2020
    • February 2020
    • January 2020
    • December 2019
    • January 2019
    • March 2017
    • February 2017

    Categories

    • Blog
    • Client Section
    • News
    • Portfolio
    • Scholarship
    • Slider
    • Testimonial
    • Training Offered
    • Uncategorized

    Meta

    • Register
    • Log in
    • Entries feed
    • Comments feed
    • WordPress.org

    Magga Education is providing good education and training to enhance capacity of people in Myanmar. We offer English Language, Training and Art Programs.

    Socialize

    Facebook
    Linkedin

    Training Design and Facilitation Online Course

    https://www.youtube.com/watch?v=LvfWu77z9j0
    Contact
    +95 9 44802 1331
    contact@maggaeducation.com
    © 2025 Magga Education | WordPress Theme: Enlighten