📣📣📣Training Announcement: Training Design and Facilitation (Batch 3) will start on May 11! 📣📣📣
Training Design and Facilitation (Batch 3) သင်တန်းကို လာမည့် မေလ (၁၁) ရက်နေ့တွင် စတင်သွားမည့်အကြောင်း သင်တန်းကိုစောင့်မျှော်နေသည့် မိတ်ဆွေများအတွက် သတင်းကောင်းပါးအပ်လိုက်ပါသည်။
အကယ်၍ သင်သည်
✅ သင်တန်းပေးသူ၊ အလုပ်ရုံဆွေးနွေးပွဲများကို ပံ့ပိုးကူညီသူ၊ အစည်းအဝေးများကို ဉီးဆောင်စီမံသူအဖြစ် ဆောင်ရွက်လိုလျှင်၊
✅ အကျိုးအမြတ်မယူသော အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများတွင် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ကွန်ဖရင့်များ၊ seminar များ နှင့် အစည်းအဝေးများကို ထိရောက်စွာ ဒီဇိုင်းဆွဲပြီး ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်လိုလျှင်၊
✅ သင်တန်းပေးရာတွင် အတွေ့အကြုံကနေသင်ယူခြင်း၊ ပူးပေါင်းပါ၀င်ခြင်းဆိုင်ရာ ချဉ်းကပ်မှုများ နှင့် အခြားသော နည်းလမ်းများကို သင်၏သင်တန်းဒီဇိုင်းများတွင် မည်ကဲ့သို့ ထည့်သွင်းပြီး သင်တန်းကို ထိရောက်စွာ ဦးဆောင်သွားနိုင်မည်ကို လေ့လာလိုလျှင် ဤသင်တန်းကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
သင်တန်းများကို အောင်မြင်စွာ ဦးဆောင်သင်ကြားလိုသူများ၊ သင်တန်းဒီဇိုင်းများကို အတွေ့အကြုံကနေ သင်ယူမှုစနစ်ဖြင့် ကောင်းမွန်စွာ ရေးဆွဲတတ်ချင်သူများ၊ သင်တန်းပေးခြင်းဆိုင်ရာ သီအိုရီများနှင့် လက်တွေ့လုပ်ဆောင်ချက်များကို ကောင်းမွန်စွာ သိရှိလေ့လာပြီး သင်တန်းတွင် လက်တွေ့အသုံးချချင်သူများ နှင့် သင်တန်းသားများ၏ စိတ်၀င်စားမှု နှင့် လိုအပ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်း ဆောင်ရွက်ပေးလိုသော သင်တန်းဆရာများအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးသွားမည့် သင်တန်းဖြစ်ပါသည်။ သင်တန်းကို မြန်မာဘာသာဖြင့် သင်ကြားဆွေးနွေးသွားမှာ ဖြစ်သည့်အတွက် သင်တန်းဆရာ၊ ဆရာမ ဖြစ်ချင်သူ မည်သူမဆို တက်ရောက်နိုင်မည့် သင်တန်းတစ်ခု ဖြစ်ပါသည်။
📅 သင်တန်းစတင်မည့်နေ့။ ။ မေလ (၁၁) ရက်၊ ၂၀၂၀ ခုနှစ်။
📅 သင်တန်းနေ့ရက်။ ။ တနင်္လာနေ့ မှ သောကြာနေ့ထိ။
⏱ သင်တန်းအချိန်။ ။ နံနက် (၉) နာရီ မှ ညနေ (၅) နာရီ။
📅 သင်တန်းကာလ။ ။ မေလ (၁၁) မှ (၁၅) ရက်နေ့ထိ (၅ ရက်)။
🕹 သင်တန်းကြေး။ ။ ၂၅၀,၀၀၀ ကျပ်။ ပထမဆုံး စာရင်းသွင်းသူ (၁၀) ဦး နှင့် အဖွဲ့အစည်းတစ်ခုတည်းမှ (၂) ဦးထက်ပိုပြီး စာရင်းသွင်းပါက သင်တန်းကြေး discount (၂၀) ရာခိုင်နှုန်း ရရှိမှာ ဖြစ်ပါသည်။
🕹 သင်တန်းနေရာ။ ။ မဂ္ဂပညာရေးစင်တာ၊ ၁၁၄၊ စမ်းချောင်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ (မှတ်ချက်။ သင်တန်းနေရာ အပြောင်းအလဲ ရှိနိုင်ပါသည်။)
သင်တန်းကာလအတွင်း ကော်ဖီနှင့် နေ့လည်စာပါ စီစဉ်ပေးသွားမှာ ဖြစ်ပြီး လူဦးရေ အကန့်အသတ်ရှိသည့်အတွက် ဖုန်းနံပါတ် ၀၉ ၄၀၇၃၄၈၁၈၅ (သို့မဟုတ်) အီးမေးလ် contact@maggaeducation.com (သို့မဟုတ်) မက်ဆေ့ချ်မှ အမြန်ဆုံး ဆက်သွယ်ပြီး (၂၀) ရာခိုင်နှုန်း discount လျှော့စျေး ရယူလိုက်ပါ။
သင်တန်းတွင် ဆွေးနွေးမည့် ခေါင်းစဉ်များ။
🔸Co-Creating Learning Environment
🔸Training Needs Assessment
🔸Learning Styles, Training Styles & Adult Learning
🔸Training Pedagogies, Techniques & Methods
🔸Facilitation Skills
🔸Designing Workshops and Training
🔸Feedback & Evaluation
သင်တန်းဆရာ၏ ကိုယ်ရေးအကျဉ်း။
သင်တန်းကို ဦးဆောင်သင်ကြားမည့်သူ ဆရာစိုင်းအောင်သိန်းသည် မဂ္ဂပညာရေးစင်တာကို ပူးတွဲတည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး သင်တန်းပေးခြင်းဆိုင်ရာအလုပ်များကို Training Consultant အဖြစ် လုပ်ဆောင်နေသူတစ်ဦး ဖြစ်ပါသည်။ သူသည် ဖူးလ်ဘရိုက်ပညာတော်သင်အဖြစ် အမေရိကန်နိုင်ငံ၊ ဗားမောင့်ပြည်နယ်ရှိ SIT Graduate Institute တက္ကသိုလ်မှ Sustainable Development: Advocacy, Leadership and Social Change ဘာသာရပ်ဖြင့် မာစတာဘွဲ့ရရှိထားပြီး၊ သင်တန်းပေးခြင်း ဆိုင်ရာ ဘာသာရပ်များဖြစ်သည့် Training Design for Experiential Learning နှင့် Training of Trainers: Ethics and Design ကို အထူးပြုဘာသာရပ်အဖြစ် လေ့လာဆည်းပူးခဲ့သူ ဖြစ်ပါသည်။ သူသည် ဟောင်ကောင်နိုင်ငံရှိ Hong Kong Baptist University မှ နိုင်ငံတကာ ဂျာနယ်လစ်ဇင် ဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသူလည်း ဖြစ်ပါသည်။ ဆရာစိုင်းအောင်သိန်းသည် အမေရိကန်စင်တာ အခြေစိုက် World Learning – Myanmar ၏ အစီအစဉ်တစ်ခုဖြစ်သည့် Institute for Political and Civic Engagement – iPACE သင်တန်းကျောင်း၏ Advocacy နှင့် သင်တန်းအကြံပေးအရာရှိ နှင့် လက်ထောက်ညွန်ကြားရေးမှူးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါသည်။ သူသည် ပြည်သူ့နီတိဆရာဖြစ်သင်တန်း၊ အင်္ဂလိပ်စာ ဆရာဖြစ်သင်တန်း၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးဆိုင်ရာသင်တန်း၊ ငြိမ်းချမ်းရေးပညာပေးရေးဆိုင်ရာ သင်တန်းများစွာကို နိုင်ငံရေး နှင့် အရပ်ဖက်အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများအား သင်ကြား ပို့ချပေးနေသူတစ်ဉီးဖြစ်ပါသည်။
The Training Design and Facilitation course is for people who want to improve their training and facilitation skills and who want to pursue their careers in training field. By the end of this course, participants will be able to lead and conduct training effectively, use experiential learning and other participatory approaches in designing and facilitating workshops, better understand theory and practice of training, and meet their participants’ specific needs and interests. The workshop will be conducted in Myanmar language.
Contents of the workshop include:
🔸Co-Creating Learning Environment
🔸Training Needs Assessment
🔸Learning Styles, Training Styles & Adult Learning
🔸Training Pedagogies, Techniques & Methods
🔸Facilitation Skills
🔸Designing Workshops and Training
🔸Feedback & Evaluation
📅Start date: May 11, 2020
📅Days: Monday – Friday
⏱Time: 9:00 am – 5:00 pm
📅Duration: May 11 – 15, 2020 (5 full days)
🕹 Fees: 250,000 Kyats (Note: 20% Early birds discount for the first 10 registers and for organization sending more than two people to attend.)
🕹 Venue: Magga Education, 114, Sanchaung Street, Sanchaung Township, Yangon (Note: The venue might change.)
Who should attend?
This course is perfect for you if
✅You are interested in pursuing a career in the field of providing training and facilitating short-term conference, seminar and workshops.
✅You want to learn how to design and facilitate different kinds of workshop and training both in profit and non-profit organizations.
✅You want to learn how to use participatory approaches such as experiential learning, engaged pedagogy and many others for your training design and facilitation.
Coffee and lunch will be provided during the training and please call 09 40734 8185 (or) email: contact@maggaeducation.com (or) send us message via messenger and get (20%) discount to register!