Magga Education successfully completed its second batch of Training Design and Facilitation Course

TDF Batch 3 Graduation

👏👏👏🎉🎉🎉Congratulations to all participants who just successfully completed Training Design and Facilitation course! 👏👏👏🎉🎉🎉

[English version below] မဂ္ဂသည် ၎င်း၏ Training Design and Facilitation (Batch II) သင်တန်းကို လွန်ခဲ့တဲ့ တနင်္ဂနွေနေ့တွင် အောင်မြင်စွာ ကျင်းပပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ သင်တန်းကို အောင်မြင်စွာ တက်ရောက်ခဲ့ကြတဲ့ သင်တန်းသူ၊ သင်တန်းသားများအားလုံး Congratulations ပါလို့ မဂ္ဂမှ ဂုဏ်ပြုစကား နှုတ်ခွန်းဆက်သလိုက်ပါတယ်။

သင်တန်း (၆) ရက်၊ (၄) ပတ်တာကာလတွင် သင်တန်းသားများသည် မတူညီကွဲပြားတဲ့ လုပ်ဆောင်ချက် (activity) ပေါင်းမြောက်များစွာမှာ ပူးပေါင်းပါဝင်ပြီး အတူတကွဆွေးနွေး လေ့လာသင်ယူသွားခဲ့တာ ဖြစ်ပါတယ်။ သင်တန်းဆရာကောင်းတစ်ယောက်ရဲ့ အခန်းကဏ္ဍ နဲ့ အရည်အချင်းများ၊ သင်ယူခြင်း နှင့် သင်ကြားခြင်းဆိုင်ရာ အတွေးအခေါ်များ၊ သီအိုရီများ နှင့် လက်တွေ့အသုံးချမှုများ၊ အရွယ်ရောက်သူများ သင်ယူခြင်းဆိုင်ရာ သီအိုရီများကို သင်ယူခဲ့ကြတာ ဖြစ်ပါတယ်။

သင်တန်းသားများသည် အတွေ့အကြုံကနေသင်ယူခြင်းဆိုင်ရာသီအိုရီကို သင်တန်းဒီဇိုင်းရေးဆွဲရာတွင် မည်ကဲ့သို့ အသုံးပြုနိုင်သလဲဆိုတာကိုလဲ လေ့လာခဲ့ကြပါတယ်။ သင်တန်းတစ်ခုရဲ့ ဒီဇိုင်းကို ဘယ်လိုရေးဆွဲရသလဲ၊ သင်တန်းဒီဇိုင်းတစ်ခု မရေးဆွဲခင် ဘာတွေသိထားဖို့လိုသလဲ၊ သင်တန်းတစ်ခုရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ဆောင်သွားမယ်ဆိုတာကို မတူညီတဲ့ Training Techniques သင်တန်းပေးခြင်းနည်းလမ်းများစွာကို လေ့လာသင်ယူခဲ့ကြပါတယ်။

သင်တန်းဆရာတစ်ယောက်အနေနဲ့ သင်တန်းတစ်ခု အောင်မြင်အောင်မည်ကဲ့သို့ Feedback ‌တောင်းမလဲ၊ Feedback ယူခြင်း၊ ပေးခြင်းနဲ့ ပါတ်သက်ပြီးတော့လဲ ထိထိရောက်ရောက် မည်ကဲ့သို့ ပေးသင့်သလဲ ဆိုတာကိုလဲ လေ့လာသင်ယူခဲ့ကြပါတယ်။

သင်တန်းသားများသည် သူတို့သင်ယူရရှိခဲ့တဲ့ သင်ခန်းစာများကို သူတို့ကိုယ်ပိုင် သင်တန်းဒီဇိုင်းများရေးဆွဲပြီး သူများကို သင်တန်းပေးခြင်းဖြင့် လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

သင်တန်းကို အောင်မြင်စွာတက်ရောက်ခဲ့ကြတဲ့ သင်တန်းသူ၊ သင်တန်းသားများအားလုံးကို မဂ္ဂပညာရေးစင်တာမှ အထူးကျေးဇူးတင်‌ကြောင်းပြောကြားလိုပါတယ်။ နောင်အနာဂါတ်တွင် ပိုပြီးကောင်းမွန်တဲ့၊ ပိုပြီးထိရောက်တဲ့ သင်တန်းဆရာ ဆရာမများအားလုံး ဖြစ်လာကြပါစေလို့လဲ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ နောက်တစ်ခေါက် ပြန်ဆုံတွေ့ကြဖို့ မျှော်လင့်ရင်း။

ဤသင်တန်းကို တက်ရောက်ဖို့ စိတ်ဝင်စားပါက နောက်ဖွင့်မည့်ရက်စွဲကို ကြေညာသည့်အချိန်အား ကျွန်ုပ်တို့ရဲ့ ဒီဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ စောင့်ကြည့်သွားဖို့ တိုက်တွန်းလိုက်ရပါတယ်။ သင်တန်းအကြောင်းကို သိလိုတာများရှိရင်လဲ ဖုန်း 09 40734 8185 (သို့မဟုတ်) မက်ဆင်ဂျာ၊ (သို့မဟုတ်) အီးမေးလ် contact@maggaeducation.com ကနေတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Magga Education finished its Training Design and Facilitation (Batch II) course successfully last Sunday. Congratulations to all participants who successfully completed a six-day (four weeks) intensive training. Participants had participated in many interactive activities and learned about roles of trainers, qualities of good trainers/facilitators, learning and training styles, training pedagogies including adult learning, experiential learning and engaged pedagogy.

Participants also learned about how to use different pedagogies and different techniques in designing an effective training/workshop. They also got a chance to apply what they have learned from the course by designing and conducting a workshop.

Magga Education likes to thank all participants for their active participation and enthusiasm to learn to become a better trainer/facilitator. Wish you all the best for your future endeavor as a trainer, facilitator, and educator. See you all next time!

If you are interested in learning more about this Training Design and Facilitation course, please contact us via phone: 09 40734 8185 or via messenger, or via email: contact@maggaeducation.com.

#TrainingDesignAndFacilitation #TDF #MaggaEducation #Congratulations #Graduation #AwesomeTrainers #GreatFacillitators

Magga Education started its second batch of Training Design and Facilitation Course

Training Design and Facilitation Course (Batch II)

မဂ္ဂပညာ‌‌ရေးရဲ့ ဒုတိယအကြိမ်မြောက် Training Design and Facilitation သင်တန်းကို လွန်ခဲ့တဲ့ စနေနေ့ ဇန်နဝါရီလ (၂၅) ရက်နေ့က စတင်လိုက်ပြီဖြစ်ပါတယ်။ ပထမ (၂) ရက်တွင် သင်တန်းသားများသည် မတူညီတဲ့ လုပ်ဆောင်ချက်များစွာမှာ ပူးပေါင်းပါဝင်ပြီး သင်ယူမှု ပတ်ဝန်းကျင်တစ်ခုကို မည်ကဲ့သို့ အတူတကွ ဖန်တီးနိုင်သလဲဆိုတာကို လေ့လာသင်ယူခွင့်ရခဲ့ပါတယ်။ ပြီးတော့ သူတို့ မည်ကဲ့သို့ သင်တန်းဆရာမျိုးဖြစ်ချင်သလဲ၊ သင်တန်းဆရာတစ်ယောက်ရဲ့ အခန်းကဏ္ဍတွေကဘာတွေလဲဆိုတာကို စဥ်းစားဖော်ထုတ်ပြီး သင်တန်းဆရာကောင်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးတွေကိုလဲ ဖော်ထုတ်ခဲ့ပါတယ်။ သင်တန်းသားများသည် သင်ယူမှုဆိုင်ရာ အတွေးအခေါ်တွေ၊ သီအိုရီတွေဖြစ်တဲ့ အရွယ်ရောက်သူများသင်ယူခြင်းတို့ကို လေ့လာပြီး အရွယ်ရောက်သူတွေကို သင်တန်းပေးရာမှာ မည်ကဲ့သို့ ထိရောက်စွာပေးနိုင်သလဲဆိုတာကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

သင်တန်း ဒုတိယနေ့မှာတော့ သင်ယူမှုပုံစံ (Learning Styles) တွေကို လေ့လာခဲ့ကြပြီး၊ သူတို့ ဘယ်လိုမျိုးသင်ယူမှုပုံစံတွေကို ပိုအားသာသလဲဆိုတာကို ဆန်းစစ်ခွင့်လဲ ရခဲ့ပါတယ်။ မတူညီတဲ့ သင်ယူမှုပုံစံရှိတဲ့ သင်တန်းသားများကို ဘယ်လိုမျိုး နည်းလမ်းတွေသုံးပြီး သူတို့ရဲ့ သင်ယူမှုကို ပံ့ပိုးပေးနိုင်မလဲဆိုတာလဲ ဆွေး‌နွေးခဲ့ကြပါတယ်။

လာမယ့်အပတ်တွေကြရင် သင်တန်းသားတွေသည် အတွေ့အကြုံကနေသင်ယူခြင်း နဲ့ အခြားပူးပေါင်းပါဝင်မှုဆိုင်ရာ နည်းလမ်းတွေကို အသုံးပြုပြီး သင်တန်းဒီဇိုင်း (သို့) အလုပ်ရုံဆွေးနွေးပွဲဒီဇိုင်း တစ်ခုကို မည်ကဲ့သို့ ရေးဆွဲနိုင်မလဲဆိုတာကို လေ့လာဆွေး‌နွေးသွားမှာ ဖြစ်ပါတယ်။

အကယ်၍ ကျွန်ုပ်တို့ရဲ့ ဒီ Training Design and Facilitation သင်တန်းကို တက်ရောက်ဖို့ စိတ်ဝင်စားပါက နောက်ဖွင့်မယ့် အချိန်ဇယားကို မကြာခင်မှာ ကြေညာပေးသွားမှာပါ။ ကျွန်ုပ်တို့ရဲ့ ဒီဖေ့စ်ဘွတ်ခ် စာမျက်နှာ (သို့) ဝက်ဘ်ဆိုဒ် စာမျက်နှာကနေ စောင့်ကြည့်ပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Last Saturday on January 25, Magga started its second batch of Training Design and Facilitation course with diverse participants from different backgrounds. In the first two days, participants learned how to co-create a learning environment by engaging in many activities such as warm-up, norms and environment setting and other participatory approaches. Participants also got a chance to reflect on what kind of trainers they wanted to be and what the roles of trainer/facilitator are. Participants also had an opportunity to explore some of the philosophies of learning including adult learning theory and how to be more effective in training adults.

On the second day, participants learned about different characteristics of learning styles, what their preferences were and different strategies on how to serve all learners. Participants are getting hand-on experiences on these different training skills and they are enjoying what they have learned so far.

In coming weeks, participants will learn how to design a training or workshop by using different kinds of training pedagogies and techniques including experiential learning and other approaches.

If you are interested in attending this course, please keep an eye on our future announcement for the next batch. Thank you!

Magga Education successfully finished its Training Design and Facilitation Course

Training Design and Facilitation Course (Batch I)

မဂ္ဂသည် ၎င်း၏ Training Design and Facilitation သင်တန်းကို လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ ဒီဇင်ဘာလ (၁) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ သင်တန်းကို အောင်မြင်စွာ တက်ရောက်ခဲ့ကြတဲ့ သင်တန်းသူ၊ သင်တန်းသားများအားလုံး Congratulations ပါလို့ မဂ္ဂမှ ဂုဏ်ပြုစကား ‌ပြောကြားလိုပါတယ်။

သင်တန်း (၆) ရက်တာကာလတွင် သင်တန်းသားများသည် မတူညီကွဲပြားတဲ့ လုပ်ဆောင်ချက် (activity) ပေါင်းမြောက်များစွာမှာ ပူးပေါင်းပါဝင်ပြီး အတူတကွဆွေးနွေး လေ့လာသင်ယူသွားခဲ့တာ ဖြစ်ပါတယ်။ သင်တန်းဆရာကောင်းတစ်ယောက်ရဲ့ အခန်းကဏ္ဍ နဲ့ အရည်အချင်းများ၊ သင်ယူခြင်း နှင့် သင်ကြားခြင်းဆိုင်ရာ အတွေးအခေါ်များ၊ သီအိုရီများ နှင့် လက်တွေ့အသုံးချမှုများ၊ အရွယ်ရောက်သူများ သင်ယူခြင်းဆိုင်ရာ သီအိုရီများကို သင်ယူခဲ့ကြတာ ဖြစ်ပါတယ်။

သင်တန်းသားများသည် အတွေ့အကြုံကနေသင်ယူခြင်းဆိုင်ရာသီအိုရီကို သင်တန်းဒီဇိုင်းရေးဆွဲရာတွင် မည်ကဲ့သို့ အသုံးပြုနိုင်သလဲဆိုတာကိုလဲ လေ့လာခဲ့ကြပါတယ်။ သင်တန်းတစ်ခုရဲ့ ဒီဇိုင်းကို ဘယ်လိုရေးဆွဲရသလဲ၊ သင်တန်းဒီဇိုင်းတစ်ခု မရေးဆွဲခင် ဘာတွေသိထားဖို့လိုသလဲ၊ သင်တန်းတစ်ခုရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ဆောင်သွားမယ်ဆိုတာကို မတူညီတဲ့ Training Techniques သင်တန်းပေးခြင်းနည်းလမ်းများစွာကို လေ့လာသင်ယူခဲ့ကြပါတယ်။

သင်တန်းဆရာတစ်ယောက်အနေနဲ့ သင်တန်းတစ်ခု အောင်မြင်၊ မအောင်မြင်ဆိုတာကို မည်ကဲ့သို့ ဆန်းစစ်ပြီးတော့ evaluate လုပ်မလဲ၊ Feedback ယူခြင်း၊ ပေးခြင်းနဲ့ ပါတ်သက်ပြီးတော့လဲ ထိထိရောက်ရောက် မည်ကဲ့သို့ ပေးသင့်သလဲ ဆိုတာကိုလဲ လေ့လာသင်ယူခဲ့ကြပါတယ်။

ဤသင်တန်းကို တက်ရောက်ခဲ့တဲ့ သင်တန်းသားများရဲ့ သဘောထားမှတ်ချက်တချို့ကို မျှဝေလိုက်ပါတယ်။

👉👉👉 “Adult Learning နှင့် ပတ်သက်၍ အရွယ်ရောက်သူသင်ကြားမှုနည်းသည် အရမ်းအသုံးဝင်သည်။ ကိုယ်တိုင် Training ပေးရာတွင်လည်း အရွယ်ရောက်သူတွေအား facilitate လုပ်မှာ ဖြစ်သည့်အတွက် အလုပ်အတွက် အရမ်းအသုံးဝင်သည်။” 👉👉👉

😊😊😊“Experiential Learning Cycle (ELC) ပုံစံသည်လည်း Training ပေးရာတွင် အရေးပါအရာရောက်ကြောင်း သိရသည်။ အတွေ့အကြုံမှ သင်ယူခြင်းသည် ပိုထိရောက်ကြောင်းသိရသည်။”😊😊😊

👍👍👍“သင်ကြားနည်း strategy များအား လက်တွေ့ အသုံးချတတ်သွားစေပါသည်။”👍👍👍

✅✅✅“Training တစ်ခု ပေးတော့မည်ဆိုလျှင် ပေးချင်တဲ့ ရည်ရွယ်ချက်ရောက်အောင်၊ ရည်မှန်းချက် ပြည့်ဝအောင် ဘယ်လိုလုပ်ဆောင်ရမည်တို့ကို ကြိုတင်ပြင်ဆင် Design ဆွဲတတ်စေရန် သင်ယူရပါသည်။” ✅✅✅

👍👍👍“ဒီသင်တန်းတက်လိုက်တော့ လူတဘက်သားကို (သင်တန်းသားတွေဘက်က) ထည့်တွက်စဥ်းစားမိလာတယ်။ လူတိုင်းရဲ့ အသံသည် အရေးကြီးကြောင်းသိရှိလာပြီးတော့ အကုန်ပူးပေါင်းပါဝင်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိလာတယ်။” 👍👍👍

😊😊😊“Participants တွေ မေးခွန်းများ မေးလာလျှင် ဖြေကြားရမည့်ပုံစံနှင့် သူတို့အား မေးခွန်းမေးတတ်သည့် skill ရှိလာပါသည်။” 😊😊😊

ဤသင်တန်းကို တက်ရောက်ဖို့ စိတ်ဝင်စားပါက နောက်ဖွင့်မည့်ရက်စွဲကို ကြေညာသည့်အချိန်အား ကျွန်ုပ်တို့ရဲ့ ဒီဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ စောင့်ကြည့်သွားဖို့ တိုက်တွန်းလိုက်ရပါတယ်။ သင်တန်းအကြောင်းကို သိလိုတာများရှိရင်လဲ ဖုန်း 09 40734 8185 (သို့မဟုတ်) မက်ဆင်ဂျာ၊ (သို့မဟုတ်) အီးမေးလ် contact@maggaeducation.com ကနေတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Magga Education finished its Training Design and Facilitation course successfully December 1, 2019. Congratulations to all participants who successfully completed a six-day intensive training. Participants had participated in many interactive activities and learned about roles of trainers, qualities of good trainers/facilitators, learning and training styles, training pedagogies including adult learning, experiential learning and engaged pedagogy.

Participants also learned about how to use different pedagogies and different techniques in designing an effective training/workshop. They also got a chance to apply what they have learned from the course by designing and conducting a workshop.

Magga Education likes to thank all participants for their active participation and enthusiasm to learn to become a better trainer/facilitator. Wish you all the best for your future endeavor as a trainer, facilitator, and educator.

If you are interested in learning more about this Training Design and Facilitation course, please contact us via phone: 09 40734 8185 or via messenger, or via email: contact@maggaeducation.com.