[English version below] မဂ္ဂပညာရေးရဲ့ လူငယ်တွေအတွက် Soft Skills for Youth Development အွန်လိုင်းသင်တန်းကို လွန်ခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့မှာ စတင်လိုက်ပြီဖြစ်ပါတယ်။ သင်တန်းသူ/သားတွေက မတူညီတဲ့ လုပ်ဆောင်ချက်တွေမှာ ပူးပေါင်းပါဝင်ပြီး အချင်းချင်းရဲ့ အကြောင်းကို မိတ်ဆက် သင်ယူလေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ သင်တန်းရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက် နဲ့ ၎င်းတို့အပေါ်မှာ ရှိတဲ့ သူတို့ရဲ့ မျှော်လင့်ချက်တွေကိုလည်း အချင်းချင်း မျှဝေခဲ့ကြပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်အရာတွေလိုအပ်မလဲ ဆိုတာကို လေ့လာဆွေးနွေးတဲ့အခါ သင်တန်းသူ/သားတွေက သူတို့မှာ ရှိတဲ့ အားသာချက်၊ ပိုင်ဆိုင်မှုတွေကို ဖော်ထုတ်ခဲ့ပြီး သူတို့ တိုးတက်အောင် လုပ်ချင်တဲ့ အရာတွေကိုလည်း ဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ နောက်လာမယ့်အပတ်တွေမှာတော့ သင်တန်းသူ/သားတွေက အခြား Soft Skills နဲ့ ပတ်သက်ပြီး အတူတကွ တက်ကြွလှုပ်ရှားစွာ ပူးပေါင်းပါဝင် လေ့လာသင်ယူသွားကြမှာ ဖြစ်ပါတယ်။ တကယ်လို့ နောက်တစ်ခေါက် ထပ်မံဖွင့်လှစ်မယ့် ကျွန်ုပ်တို့ရဲ့ ဒီ Soft Skills for Youth Development အတန်းကို တက်ရောက်ဖို့ စိတ်ဝင်စားပါက နောက်ဖွင့်မယ့် အချိန်ဇယားကို မကြာခင် ကြေညာသွားနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ဒီဖေ့စ်ဘွတ်ခ် စာမျက်နှာ (သို့) ဝက်ဘ်ဆိုဒ် စာမျက်နှာကနေ စောင့်ကြည့်ပေးစေချင်ပါတယ်။ကျေးဇူးတင်ပါတယ်။
Last Saturday, Magga Education kicked off its Soft Skills for Youth Development online course with diverse youth from different backgrounds. During the weekend, participants had participated in different activities introducing and learning about each other. They also got a chance to share their expectations from the course and from each other. After learning the course’s goals and objectives, participants explored their personal assets including strengths and how they could develop them for their personal development. In coming weekends, they will actively participate and learn other Soft Skills to be successful in their lives. If you are interested in attending this online course, please keep an eye on our future announcement for the next batch. You can follow us on our page and visit our website. Thank you!