Skip to content
Learn with us to ensure your success
facebook
youtube
linkedin
Magga Education
Call Support 09 44802 1331
Email Support contact@maggaeducation.com
  • Home
  • About us
  • Programs
    • Online Courses
    • Youth Development Program
      • Soft Skills for Youth Development
    • Educators Development Program
    • Training Program
    • English Language Program
  • Scholarships
  • Resources
  • Work with us
    • Job Vacancy
  • News
  • Contact us

Magga Education conducted Training Design and Facilitation course for friends and colleagues from Chin Human Rights Organization

Home > News > Magga Education conducted Training Design and Facilitation course for friends and colleagues from Chin Human Rights Organization

Magga Education conducted Training Design and Facilitation course for friends and colleagues from Chin Human Rights Organization

Posted on January 21, 2021January 27, 2021 by Sai Aung Thein
0

👏👏👏🎉🎉🎉 Congratulations to all participants and colleagues from Chin Human Rights Organization who just successfully completed Training Design and Facilitation course! 👏👏👏🎉🎉🎉

[English version below] မဂ္ဂပညာရေးနှင့်အတူ Training Design and Facilitation သင်တန်းကို တက်‌ရောက်နေကြတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့အစည်းမှ မိတ်ဆွေ ဆရာ ဆရာမများသည် လွန်ခဲ့တဲ့ စနေနေ့ နှင့် တနင်္ဂနွေနေ့တွင် Field Training ပြုလုပ်ပြီး သင်တန်းကို အောင်မြင်စွာ တက်ရောက်ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ သင်တန်းကို အောင်မြင်စွာ တက်ရောက်ခဲ့ကြတဲ့ ဆရာ ဆရာမများအားလုံး Congratulations ပါလို့ မဂ္ဂမှ ဂုဏ်ပြုစကား ပြောကြားလိုပါတယ်။

သင်တန်း (၉) ရက်တာကာလတွင် ဆရာဆရာမများသည် မတူကွဲပြားတဲ့ လုပ်ဆောင်ချက် (activity) ပေါင်းမြောက်များစွာမှာ ပူးပေါင်းပါဝင်ပြီး အတူတကွဆွေးနွေး လေ့လာသင်ယူသွားခဲ့တာ ဖြစ်ပါတယ်။ သင်တန်းဆရာကောင်းတစ်ယောက်ရဲ့ အခန်းကဏ္ဍ နဲ့ အရည်အချင်းများ၊ သင်ယူခြင်း နှင့် သင်ကြားခြင်းဆိုင်ရာ အတွေးအခေါ်များ၊ သီအိုရီများ နှင့် လက်တွေ့အသုံးချမှုများ၊ အရွယ်ရောက်သူများ သင်ယူခြင်းဆိုင်ရာ သီအိုရီများကို သင်ယူခဲ့ကြတာ ဖြစ်ပါတယ်။ ဆရာဆရာမများသည် အတွေ့အကြုံကနေသင်ယူခြင်းဆိုင်ရာသီအိုရီကို သင်တန်းဒီဇိုင်းရေးဆွဲရာတွင် မည်ကဲ့သို့ အသုံးပြုနိုင်သလဲဆိုတာကိုလဲ လေ့လာခဲ့ကြပါတယ်။ သင်တန်းတစ်ခုရဲ့ ဒီဇိုင်းကို ဘယ်လိုရေးဆွဲရသလဲ၊ သင်တန်းဒီဇိုင်းတစ်ခု မရေးဆွဲခင် ဘာတွေသိထားဖို့လိုသလဲ၊ သင်တန်းတစ်ခုရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ဆောင်သွားမယ်ဆိုတာကို မတူညီတဲ့ Training Techniques သင်တန်းပေးခြင်းနည်းလမ်းများစွာကို လေ့လာသင်ယူခဲ့ကြပါတယ်။ နောင်အနာဂါတ်တွင် ပိုပြီးကောင်းမွန်တဲ့၊ ပိုပြီးထိရောက်တဲ့ သင်တန်းဆရာ ဆရာမများအားလုံး ဖြစ်လာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ဆရာ ဆရာမတို့နဲ့ နောက်တစ်ခေါက် ပြန်ဆုံတွေ့ကြဖို့ မျှော်လင့်ပါတယ်။

မဂ္ဂပညာရေးကို ယုံကြည်ပြီး အတူတကွလက်တွဲသည့်အတွက် ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း နှင့် ဆရာဆရာမတို့ တစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဆရာ ဆရာမတို့နှင့် အတူတကွလေ့လာသင်ယူခွင့်၊ ဆရာ ဆရာမတို့ ရပ်ရွာ community အတွက် လုပ်ဆောင်နေသည့် အလုပ်များကို တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးသင်ယူခွင့် ရရှိသည့်အတွက် မဂ္ဂပညာရေးအဖွဲ့မှ ဂုဏ်ယူကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။

ဤသင်တန်းကို တက်ရောက်ဖို့ စိတ်ဝင်စားပါက လာမယ့် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် စတင်ဖွင့်လှစ်မယ့်အတန်းကို တက်ရောက်နိုင်ပါတယ်ဆိုတဲ့အကြောင်း အသိပေးချင်ပါတယ်။ သင်တန်းအကြောင်းကို သိလိုတာများရှိရင်လဲ ဖုန်း 09 40734 8185 (သို့မဟုတ်) မက်ဆင်ဂျာ၊ (သို့မဟုတ်) အီးမေးလ် contact@maggaeducation.com နဲ့ magga.education@gmail.com ကနေတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ အကယ်၍ မိတ်ဆွေတို့ရဲ့ အဖွဲ့အစည်းအတွက် ကျွန်ုပ်တို့ရဲ့ သင်တန်းဝန်ဆောင်မှုကို ပေးစေချင်တယ်ဆိုရင်လည်း ကျွန်ုပ်တို့ကို အချိန်မရွေး ဆက်သွယ်စုံစမ်းဖို့ တိုက်တွန်းလိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ်။

Friends and colleagues from Chin Human Rights Organization finished learning with Magga Education on Training Design and Facilitation last weekend after they conducted their field training. Congratulations to all participants who successfully completed a nine-day intensive training.

Participants had participated in many interactive activities and learned about roles of trainers, qualities of good trainers/facilitators, learning and training styles, training pedagogies including adult learning, experiential learning and engaged pedagogy. Participants also learned about how to use different pedagogies and different techniques in designing an effective training/workshop. They also got a chance to apply what they have learned from the course by designing and conducting a workshop.

Magga Education would like to express our gratitude to CHRO for believing and partnering with us to learn about how to conduct training effectively and efficiently. Thanks also for the opportunity to learn with you all and to help and support in your great work for the community. Thanks also to all participants for their active participation and enthusiasm to learn to become a better trainer/facilitator. We look forward to seeing you all next time!

If you are interested in learning more about this Training Design and Facilitation course and attending, please feel free to sign up the upcoming batch which will start on January 30. If you and your organization would like to partner with us and explore our training services, please contact us via phone: 09 40734 8185 or via messenger, or via email: contact@maggaeducation.com. Thank you so much.

Recent Posts

  • Educators Development Program
  • Applications for Soft Skills for Youth Development, Term 3 are OPEN!
  • STATEMENT: Informing about some emerging educational organizations which have similar names with Magga Education
  • Magga Education Kicked Off Its Soft Skills for Youth Development Term 2, 2022
  • Magga Education held graduation ceremony for Soft Skills for Youth Development Term 1 Graduates

Recent Comments

    Archives

    • September 2022
    • July 2022
    • June 2022
    • May 2022
    • December 2021
    • November 2021
    • October 2021
    • January 2021
    • December 2020
    • May 2020
    • March 2020
    • February 2020
    • January 2020
    • December 2019
    • January 2019
    • March 2017
    • February 2017

    Categories

    • Blog
    • Client Section
    • News
    • Portfolio
    • Scholarship
    • Slider
    • Testimonial
    • Training Offered
    • Uncategorized

    Meta

    • Register
    • Log in
    • Entries feed
    • Comments feed
    • WordPress.org

    Magga Education is providing good education and training to enhance capacity of people in Myanmar. We offer English Language, Training and Art Programs.

    Socialize

    Facebook
    Linkedin

    Training Design and Facilitation Online Course

    https://www.youtube.com/watch?v=LvfWu77z9j0
    Contact
    +95 9 44802 1331
    contact@maggaeducation.com
    © 2025 Magga Education | WordPress Theme: Enlighten