Skip to content
Learn with us to ensure your success
facebook
youtube
linkedin
Magga Education
Call Support 09 44802 1331
Email Support contact@maggaeducation.com
  • Home
  • About us
  • Programs
    • Online Courses
    • Youth Development Program
      • Soft Skills for Youth Development
    • Educators Development Program
    • Training Program
    • English Language Program
  • Scholarships
  • Resources
  • Work with us
    • Job Vacancy
  • News
  • Contact us

Effective Teams and Communication starts on March 20! Sign up NOW!

Home > Portfolio > Effective Teams and Communication starts on March 20! Sign up NOW!

Effective Teams and Communication starts on March 20! Sign up NOW!

Posted on February 25, 2020February 25, 2020 by Sai Aung Thein
0

🗣🗣🗣 Training Announcement: Effective Teams and Communication course will start on March 20! 🗣🗣🗣

[English version below] မဂ္ဂပညာရေးစင်တာမှ သင်တန်းအသစ်တစ်ခုဖြစ်သည့် Effective Teams and Communication သင်တန်းကို မတ်လ (၂၀) ရက်နေ့တွင် စတင်မိတ်ဆက်သွားမည့်အကြောင်း မိတ်ဆွေများကို သတင်းကောင်းပါးအပ်လိုက်ပါသည်။

သင်သည်
✅ သင်၏ အလုပ်ခွင်တွင် အခြားသူများနှင့် အဖွဲ့လိုက်လုပ်ဆောင်ရသည့် အလုပ်များတွင်တာဝန်ယူရသူ၊ သို့မဟုတ် အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်ရသူတစ်ဦး ဖြစ်ပါသလား။

✅ အဖွဲ့နှင့် လုပ်ဆောင်ရာတွင် အခက်အခဲများကို မကြာခဏကြုံတွေ့နေရပြီး အခြားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရာမှာ အလုပ်ကို ပိုပြီး ထိရောက်အောင် မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုတာကို လေ့လာချင်ပါသလား။

✅ ကိုယ်နဲ့ မတူကွဲပြားမှုတွေရှိတဲ့ သူတွေနဲ့ Teamwork အတူလုပ်ဆောင်ရာမှာ ကြုံရလာနိုင်တဲ့ ပဋိပက္ခပြဿနာတွေကို မည်ကဲ့သို့ စီမံခန့်ခွဲပြီး ဦးဆောင်သွားနိုင်မလဲဆိုတာကို သီအိုရီနဲ့ လက်တွေ့မျှတစွာ လေ့လာသင်ယူလိုပါသလား။

အကယ်၍ သင်ယူလိုပါတယ်ဟု ဖြေဆိုခဲ့လျှင် ဤ Effective Teams and Communication သင်တန်းသည် သင့်အတွက် အသုံးဝင်ပါလိမ့်မည်။

သင်တန်းကို သောကြာနေ့၊ စနေနေ့ နှင့် တနင်္ဂနွေနေ့များတွင် (၃) ရက်သာ တက်ရောက်ရမှာဖြစ်တဲ့အတွက် အချိန်ပြည့် ရုံးတက်နေရသူများအတွက်လည်း အဆင်ပြေနိုင်တဲ့ သင်တန်းတစ်ခု ဖြစ်ပါတယ်။ သင်တန်းကို မြန်မာလို သင်ကြားဆွေးနွေးသွားမှာ ဖြစ်ပြီး အင်္ဂလိပ်ဘာသာစကား တတ်မြောက်စရာမလိုတဲ့အတွက် မည်သူမဆို တက်ရောက်နိုင်မယ့် သင်တန်းပဲ ဖြစ်ပါတယ်။ သင်တန်းကိုလည်း မတူညီတဲ့ လုပ်ဆောင်မှု (activity) များနှင့် အတွေ့အကြုံကနေသင်ယူခြင်း၊ ပူးပေါင်းပါ၀င်ခြင်းဆိုင်ရာ ချဉ်းကပ်မှုများ နှင့် အခြားသော နည်းလမ်းများကို အသုံးပြုသင်ကြားဆွေးနွေးသွားမှာ ဖြစ်တဲ့အတွက် သင်တန်းသားများအတွက် ပိုပြီးထိရောက်တဲ့ သင်ယူမှုများ ဖြစ်ပေါ်လာအောင် ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

📅 သင်တန်းစတင်မည့်နေ့။ ။ မတ်လ (၂၀) ရက်၊ ၂၀၂၀ ခုနှစ်။
📅 သင်တန်းနေ့ရက်။ ။ သောကြာနေ့၊ စနေနေ့ နှင့် တနင်္ဂနွေနေ့ ။
⏱ သင်တန်းအချိန်။ ။ နံနက် (၉) နာရီ မှ ညနေ (၅) နာရီ။
📅 သင်တန်းကာလ။ ။ မတ်လ (၂၀) မှ (၂၂) ရက်နေ့ထိ (၃ ရက်)။
🕹 သင်တန်းကြေး။ ။ ၁၀၀,၀၀၀ ကျပ်။
👩‍💻👨‍💻 သင်တန်းသားဦးရေ။ ။ (၁၄) ယောက်။
👉 သင်တန်းနေရာ။ ။ မဂ္ဂပညာရေးစင်တာ၊ ၁၁၄၊ ၄ လွှာ၊ စမ်းချောင်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

သင်တန်းကာလအတွင်း ကော်ဖီ နှင့် မုန့်သွားရည်စာများ စီစဉ်ပေးသွားမှာ ဖြစ်ပြီး၊ လူဦးရေ (၁၄) ယောက်သာ လက်ခံမှာ ဖြစ်တဲ့အတွက် ဖုန်းနံပါတ် ၀၉ ၄၀၇၃၄၈၁၈၅ (သို့မဟုတ်) အီးမေးလ် contact@maggaeducation.com (သို့မဟုတ်) မက်ဆေ့ချ်ကနေ အမြန်ဆုံး ဆက်သွယ်ပြီး ဘယ်လိုစာရင်းသွင်းရမလဲဆိုတာ မေးမြန်းဖို့ တိုက်တွန်းလိုက်ရပါတယ်။

သင်တန်းတွင် ဆွေးနွေးမည့် ခေါင်းစဉ်များ။

🔸 Definition of Teams & Types of Teams
🔸 A Model for Multicultural Team Effectiveness
🔸 Social Identity, Culture and Teams
🔸 Models of Team Development
🔸 Components of Team Process
🔸 Effective Intercultural Communication
🔸 Effective Team Management and Leadership

သင်တန်းကို ဦးဆောင်သင်ကြားသူများ၏ ကိုယ်ရေးအကျဉ်း။

သင်တန်းကို ဦးဆောင်သင်ကြားမည့်သူ ဆရာစိုင်းအောင်သိန်းသည် မဂ္ဂပညာရေးစင်တာကို ပူးတွဲတည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး သင်တန်းပေးခြင်းဆိုင်ရာအလုပ်များကို Training Consultant အဖြစ် လုပ်ဆောင်နေသူတစ်ဦး ဖြစ်ပါသည်။ သူသည် ဖူးလ်ဘရိုက်ပညာတော်သင်အဖြစ် အမေရိကန်နိုင်ငံ၊ ဗားမောင့်ပြည်နယ်ရှိ SIT Graduate Institute တက္ကသိုလ်မှ Sustainable Development ဘာသာရပ်ဖြင့် မာစတာဘွဲ့ရရှိထားပြီး၊ သင်တန်းပေးခြင်း ဆိုင်ရာ ဘာသာရပ်များဖြစ်သည့် Training Design for Experiential Learning နှင့် Training of Trainers: Ethics and Design ကို အထူးပြုဘာသာရပ်အဖြစ် လေ့လာဆည်းပူးခဲ့သူ ဖြစ်ပါသည်။ သူသည် ဟောင်ကောင်နိုင်ငံရှိ Hong Kong Baptist University မှ နိုင်ငံတကာ ဂျာနယ်လစ်ဇင် ဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသူလည်း ဖြစ်ပါသည်။ ဆရာစိုင်းအောင်သိန်းသည် အမေရိကန်စင်တာ အခြေစိုက် World Learning – Myanmar ၏ အစီအစဉ်တစ်ခုဖြစ်သည့် Institute for Political and Civic Engagement – iPACE သင်တန်းကျောင်း၏ Advocacy နှင့် သင်တန်းအကြံပေးအရာရှိ နှင့် လက်ထောက်ညွန်ကြားရေးမှူးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါသည်။ သူသည် ပြည်သူ့နီတိဆရာဖြစ်သင်တန်း၊ အင်္ဂလိပ်စာ ဆရာဖြစ်သင်တန်း၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးဆိုင်ရာသင်တန်း၊ ငြိမ်းချမ်းရေးပညာပေးရေးဆိုင်ရာ သင်တန်းများစွာကို နိုင်ငံရေး နှင့် အရပ်ဖက်အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူများအား ပို့ချပေးနေသူတစ်ဉီးဖြစ်ပါသည်။

သင်တန်းကို ပူးတွဲသင်ကြားမည့်သူ ဆရာမသဇင်ငြိမ်းကျော်သည် မဂ္ဂပညာရေးစင်တာကို ပူးတွဲတည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး ပညာရေးဆိုင်ရာ Education Consultant တစ်ဦး ဖြစ်ပါသည်။ သူသည် အမေရိကန်နိုင်ငံ၊ ဗားမောင့်ပြည်နယ်ရှိ SIT Graduate Institute တက္ကသိုလ်မှ International Education ဘာသာရပ်ဖြင့် မာစတာဘွဲ့ရရှိထားသူ ဖြစ်ပါသည်။ သူမသည် ရန်ကုန်မြို့ အရှေ့ပိုင်းတက္ကသိုလ်မှ အင်္ဂလိပ်စာအထူးပြုဘာသာရပ်ဖြင့် ဘွဲ့ရရှိထားပြီး အင်္ဂလိပ်စာသင်ကြားရေးတွင် ဆယ်နှစ်ကျော် အတွေ့အကြုံရှိသူတစ်ယောက် ဖြစ်ပါသည်။ ဆရာမ သဇင်ငြိမ်းကျော်သည် လက်ရှိတွင် ပညာရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာ ပရောဂျက်များကို လုပ်ဆောင်နေသည့် နိုင်ငံတကာအဖွဲ့အစည်း နှင့် ပြည်တွင်းအဖွဲ့အစည်းများအတွက် Consultant အဖြစ် ဆောင်ရွက်ပေးနေသူ ဖြစ်ပါသည်။ ဆရာမသည် ပုဂ္ဂလိကကုမ္ဗဏီများအပါအဝင် အခြားသော အဖွဲ့အစည်းများတွင် မတူညီ‌‌သော ခေါင်းစဥ်များဖြင့် သင်တန်းများ ပို့ချပေးခဲ့ဖူးသူ တစ်ဦးဖြစ်ပါသည်။ မူကြိုကျောင်းများ၊ အင်္ဂလိပ်စာသင်တန်းကျောင်းများစသည့် သင်တန်းကျောင်းစတင်ဖွင့်လှစ်လိုသော အဖွဲ့အစည်းများအတွက် သင်ရိုးညွန်းတမ်းရေးဆွဲခြင်း Curriculum development မှ စစ်ဆေးခြင်း Assessment ထိ အကြံပေးခြင်းနှင့် Teacher Training များကို မျှဝေပေးနေသူတစ်ဦးလည်း ဖြစ်ပါသည်။

The Effective Teams and Communication course is for people who want to improve their communication, management and leadership in working in diverse teams. This is also for people who want to reflect on their social identity, communication styles, and conflict management styles and how they impact on their behaviors working in teams. By the end of this course, participants will be able to develop their strategies in working effectively with different teams in their workplace.

Contents:

🔸 Definition of Teams & Types of Teams
🔸 A Model for Multicultural Team Effectiveness
🔸 Social Identity, Culture and Teams
🔸 Models of Team Development
🔸 Components of Team Process
🔸 Effective Intercultural Communication
🔸 Effective Team Management and Leadership

📅Start date: March 20, 2020
📅Days: Friday, Saturday & Sunday
⏱Time: 9:00 am – 5:00 pm
📅Duration: March 20 – 22, 2020 (3 Full Days)
🕹 Fees: 100,000 Kyats
👩‍💻👨‍💻Seats: 14 seats only
👉 Venue: Magga Education, 114, Sanchaung Street, Sanchaung Township, Yangon

🔹 Who should attend?

This course is perfect for you if

✅ You have to work in teams in your work or you are responsible for the effectiveness of your teams.

✅ You often face some difficulties working in teams and want to learn and improve how to work in teams effectively.

✅ You want to learn theory and practice of communication, management and leadership for effective teams and how to apply them in your work.

Call 09 40734 8185 (or) email: contact@maggaeducation.com (or) send us message via messenger to inquire how to register!

Tags: EffectiveTeamsAndCommunication, ETC, MaggaEducation

Recent Posts

  • Educators Development Program
  • Applications for Soft Skills for Youth Development, Term 3 are OPEN!
  • STATEMENT: Informing about some emerging educational organizations which have similar names with Magga Education
  • Magga Education Kicked Off Its Soft Skills for Youth Development Term 2, 2022
  • Magga Education held graduation ceremony for Soft Skills for Youth Development Term 1 Graduates

Recent Comments

    Archives

    • September 2022
    • July 2022
    • June 2022
    • May 2022
    • December 2021
    • November 2021
    • October 2021
    • January 2021
    • December 2020
    • May 2020
    • March 2020
    • February 2020
    • January 2020
    • December 2019
    • January 2019
    • March 2017
    • February 2017

    Categories

    • Blog
    • Client Section
    • News
    • Portfolio
    • Scholarship
    • Slider
    • Testimonial
    • Training Offered
    • Uncategorized

    Meta

    • Register
    • Log in
    • Entries feed
    • Comments feed
    • WordPress.org

    Magga Education is providing good education and training to enhance capacity of people in Myanmar. We offer English Language, Training and Art Programs.

    Socialize

    Facebook
    Linkedin

    Training Design and Facilitation Online Course

    https://www.youtube.com/watch?v=LvfWu77z9j0
    Contact
    +95 9 44802 1331
    contact@maggaeducation.com
    © 2025 Magga Education | WordPress Theme: Enlighten