The Educators Development Program aims to enhance the competency of Myanmar educators who are working in the field of learning and teaching. It will increase the knowledge, skills, attitudes, and awareness in relation to educational or training pedagogies such as experiential learning, engaged pedagogy, and social justice frameworks. It will also help participants to have the capacity to create social changes or help creating them through their educational programs.
Therefore, if you are
✅ Interested in working in the field of Learning and Teaching
✅ A teacher, trainer, and/or an educator who wants to improve your competency in relation to education and training pedagogies?
✅ Interested in helping to create a positive change through your educational programs,
Then do join with us!
To be eligible for the course, you will have to have at least one year of experience in teaching or training. English proficiency is not required as the course will be conducted in Myanmar language. Students should be able to discuss and have a conversation in Myanmar language.
For more information about the program, pleases call 09 44802 1331 or email contact@maggaeducation.com.
ဒီသင်တန်းဟာ မြန်မာနိုင်ငံမှာရှိတဲ့ သင်ကြားရေး နဲ့ သင်ယူရေး ကဏ္ဍမှာ ပါဝင်လုပ်ဆောင်နေတဲ့ ဆရာ၊ ဆရာမများ၊ သင်တန်းဆရာ/ဆရာမ ထရိန်နာများအတွက် သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်း ဖြစ်ပါတယ်။ အတွေ့အကြုံကနေသင်ယူခြင်း၊ ပူးပေါင်းပါဝင်ခြင်း၊ နဲ့ လူမှုရေးတရားမျှတမှုစတဲ့ သင်ကြားခြင်းဆိုင်ရာ မူဘောင်များ၊ နည်းလမ်းများနဲ့ ပတ်သက်ပြီး လေ့လာသင်ယူသွားကြမှာ ဖြစ်ပါတယ်။ ပညာရေးအစီအစဉ်တွေမှာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုများ ဖြစ်ပေါ်လာဖို့ သင်တန်းဆရာ/ဆရာမများအနေနဲ့ ဘယ်လိုမျိုး လုပ်ဆောင်လို့ရသလဲ ဆိုတာတွေကိုလည်း အတူတကွ လေ့လာသင်ယူ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် တကယ်လို့ သင်ဟာ
✅ သင်ယူခြင်းနှင့် သင်ကြားခြင်းနယ်ပယ်မှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားတဲ့သူ၊
✅ ဆရာ/ဆရာမ၊ သင်တန်းဆရာ/ဆရာမ တစ်ယောက်အနေနဲ့ ပညာရေးနဲ့ သင်တန်းပေးခြင်းဆိုင်ရာ နည်းလမ်းများ၊ pedagogies များနဲ့ ပတ်သက်ပြီး သင့်ရဲ့ အရည်အချင်းကို တိုးတက်အောင် မြှင့်တင်ချင်တဲ့သူ၊
✅ သင့်ရဲ့ ပညာရေးအစီအစဉ်တွေကနေ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတစ်ခုဖြစ်လာအောင် ကူညီပြီး ဖန်တီးဖို့ စိတ်ဝင်စားတဲ့သူ တစ်ယောက်ဖြစ်တယ်ဆိုရင်
ကျွန်ုပ်တို့နဲ့အတူ လေ့လာသင်ယူဖို့ ဖိတ်ခေါ်ချင်ပါတယ်။
သင်တန်းကို တက်ရောက်ခွင့်ရရှိဖို့ဆိုရင် သင်တန်းပေးခြင်းဆိုင်ရာ (သို့မဟုတ်) သင်ကြားခြင်းဆိုင်ရာ အတွေ့အကြုံ အနည်းဆုံး (၁) နှစ် ရှိဖို့တော့ လိုအပ်ပါတယ်။ သင်တန်းကို မြန်မာလို သင်ကြားဆွေးနွေးသွားမှာ ဖြစ်တဲ့အတွက် မြန်မာလို ပြောဆိုဆွေးနွေးနိုင်ဖို့လည်း လိုအပ်ပါမယ်။