ကြေညာချက်။ Soft Skills for Youth Development Term 3 (တတိယအပတ်စဉ်) အတွက် သင်တန်းသူ/သားများ ခေါ်ယူခြင်း။
အားလုံးပဲ မင်္ဂလာပါ။ မဂ္ဂပညာရေးမှ ပြန်လည်နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ကျွန်ုပ်တို့ရဲ့ Soft Skills for Youth Development အတန်းရဲ့ တတိယအပတ်စဉ် (Term 3, 2022) အတွက် လျှောက်လွှာတွေကို စတင်လက်ခံနေပြီဖြစ်တဲ့အကြောင်း သတင်းကောင်းပါးအပ်လိုက်ပါတယ်။ Term 3 သင်တန်းကို သြဂုတ်လ (၁) ရက်နေ့မှာ စတင်သွားမှာ ဖြစ်ပါတယ်။ ဤသင်တန်းသည် အသက် (၁၄) နှစ် နှင့် (၂၆) နှစ်ကြားရှိ လူငယ်များကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ တွေးခေါ်ပိုင်းဆိုင်ရာနှင့် လူမှုရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးသွားမှာ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ ဘဝကို တိုးတက်အောင်လုပ်ဖို့ နှင့် အလုပ်ခွင်မှာ လိုအပ်တဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးဖို့ ရည်ရွယ်ချက်ဖြင့် ဤသင်တန်းကို ဖွင့်လှစ်ပေးခြင်း ဖြစ်ပါတယ်။
သင်တန်းကို တက်ရောက်ခွင့်ရရှိဖို့ အဓိက အသက် (၁၄) နှစ် နဲ့ (၂၆) နှစ်ကြားရှိဖို့ လိုအပ်သလို၊ ပညာအရည်အချင်း အနည်းဆုံး (၉) တန်း ရှိရပါမယ်။ သင်တန်းကို တနင်္လာ၊ ဗုဒ္ဓဟူး နှင့် သောကြာနေ့များတွင် နံနက် (၉း၀၀) နာရီမှ နေ့လည် (၁၂) နာရီထိ၊ (၄) ပတ်တာ တက်ရောက်ရမှာဖြစ်ပါတယ်။ သင်တန်းကို မြန်မာလို သင်ကြားဆွေးနွေးသွားမှာ ဖြစ်တဲ့အတွက် မြန်မာလို ပြောဆိုဆွေးနွေးနိုင်ဖို့ လိုအပ်ပါမယ်။
သင်တန်းစတင်မည့်နေ့။ ။ သြဂုတ်လ (၁) ရက်၊ ၂၀၂၂ ခုနှစ်။
သင်တန်းနေ့ရက်။ ။ တနင်္လာ၊ ဗုဒ္ဓဟူး နှင့် သောကြာနေ့ (တစ်ပတ် ၃ ရက်)။
သင်တန်းအချိန်။ ။ နံနက် (၉း၀၀) နာရီ မှ နေ့လည် (၁၂) နာရီထိ။
သင်တန်းကာလ။ ။ သြဂုတ်လ (၁) ရက်နေ့မှ (၂၆) ရက်နေ့ထိ (၄ ပတ်)။
သင်တန်းကြေး။ ။ အခမဲ့။
သင်တန်းသူ/သားဦးရေ။ ။ (၃၀) ယောက်။
သင်တန်းနေရာ နှင့် သင်ကြားနည်း။ ။ သင်တန်းကို အဓိက (Zoom) ကနေ သင်ကြားသွားမှာ ဖြစ်ပြီး၊ သင်ထောက်ကူပစ္စည်းတွေအတွက် အခြား သင်ကြားခြင်းဆိုင်ရာ ပလက်ဖောင်းတွေကိုလည်း အသုံးပြုသွားမှာ ဖြစ်ပါတယ်။ သင်တန်းကို မတူညီတဲ့ လုပ်ဆောင်မှု (activity) ပေါင်းများစွာနဲ့ အတွေ့အကြုံကနေသင်ယူခြင်း၊ ပူးပေါင်းပါ၀င်ခြင်းဆိုင်ရာ ချဉ်းကပ်မှုများ နဲ့ အခြားသော နည်းလမ်းတွေကို အသုံးပြုသင်ကြားဆွေးနွေးပေးသွားမှာ ဖြစ်တဲ့အတွက် ကျောင်းသူ/သား လူငယ်များအတွက် ပိုပြီးထိရောက်တဲ့ သင်ယူမှုများ ဖြစ်ပေါ်လာအောင် ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ ပါဝင်တက်ရောက်တဲ့သူများအနေနဲ့လည်း တက်ကြွစွာ ပူးပေါင်းပါဝင်ဆွေးနွေးဖို့ လိုအပ်တဲ့ သင်တန်းဖြစ်ပါတယ်။
သင်တန်းကို တက်ရောက်ဖို့ စိတ်ဝင်စားပါက ဒီ (Google Form) https://docs.google.com/forms/d/e/1FAIpQLSdg999i4uKAVkp8fLMCwy9wEz6au2qFDDFnXTsjNpaVojdWNQ/viewform?usp=pp_url
လျှောက်လွှာကို ဖြည့်ပြီး ဇူလိုင်လ (၁၃) ရက်နေ့ ညနေ (၅) နာရီ နောက်ဆုံးထားပြီး ပို့ထားပေးရမှာ ဖြစ်ပါတယ်။ Term 3, 2022 အတွက် သင်တန်းသူ/သား (၃၀) ယောက်သာ လက်ခံသွားမှာ ဖြစ်ပါတယ်။ ပြည်နယ်နှင့်တိုင်းဒေသမှ လူငယ်များ လျှောက်ဖို့ အထူးတိုက်တွန်းလိုပါတယ်။ နယ်ပေါင်းစုံမှ လူငယ်များကို ရွေးချယ်လက်ခံသွားမှာ ဖြစ်ပြီး မိုဘိုင်းဒေတာ အင်တာနက်အတွက် အခက်အခဲရှိသူများကိုလည်း ကူညီပေးသွားဖို့ စီစဉ်ထားပါတယ်။
သင်တန်းနှင့် ပတ်သက်ပြီး သိလိုတာများရှိပါက ဖုန်းနံပါတ် 09448021331 (သို့မဟုတ်) အီးမေးလ် contact@maggaeducation.com (သို့မဟုတ်) Facebook မက်ဆင်ဂျာကနေ ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။
ANNOUNCEMENT: Magga Education is Calling Applications for its Soft Skills for Youth Development, Term 3!
Greetings! The application for the Soft Skills for Youth Development (Term 3, 2022) is now OPEN! The Term 3, 2022 will start on August 1. The Soft Skills for Youth Development course aims to enhance youth competency in relation to soft skills for their personal and interpersonal development. The workshops will focus primarily on higher order thinking, social and communication skills, problem-solving and conflict transformation, and teamwork and leadership skills. To be eligible for the course, you will have to be between (14) and (26) years of age, have at least 9th grade of education. English proficiency is not required as the course will be conducted in Myanmar language. Students should be able to discuss and have a conversation in Myanmar language.
Start Date: August 1, 2022
Days: Monday, Wednesday and Friday (Three Days a Week)
Time: 9:00 AM – 12:00 PM
Duration: August 1 – 26, 2022 (Four Weeks)
Fees: FREE
Number of participants: 30
Venue & Method: Zoom & Other online platforms
This online course will embrace different training pedagogies and methodologies such as experiential learning and participatory approaches to be more effective. It is expected that participants will have to actively participate in discussion and group works.
If you are interested, please fill out the Google Form here: https://docs.google.com/forms/d/e/1FAIpQLSdg999i4uKAVkp8fLMCwy9wEz6au2qFDDFnXTsjNpaVojdWNQ/viewform?usp=pp_url and submit it by July 13, 2022, at 5:00 PM Local Time. Total of 30 participants will be accepted and students from remote areas are encouraged to apply. Mobile data for internet use will be provided for those in need.
If you have any queries regarding the application process, please call 09448021331 or email: contact@maggaeducation.com or send a message via our Facebook Page.