Magga Education is founded and established in December 2016 and has been providing quality education and training services for youth, teachers/educators and members of civil society organizations including profit and non-profits. Magga Education aims to enhance knowledge, skills and attitude and build capacity for people of Myanmar.
Recently, it has brought to our attention that some educational organizations with the same name of Magga have appeared on some social media platforms. As a result, we have often received some inquiry that are not related to our programs or activities and it has caused many confusions among people and it will likely cause more confusions in the future. Therefore, we would like to state and clarify to our alumni, students, teachers and educators, friends and partners that those organizations are NOT in any way connected or affiliated with our organization Magga Education.
Therefore, we would like to request our friends, colleagues, and general public to learn and know more about which organization is which and have a clear understanding. We would like to request to be informed that we only publicize our program activities through the following Magga Education’s official website and social media platforms. If they are not publicized in the mentioned media, please be informed that they are NOT our programs and activities.
Website: www.MaggaEducation.com
Facebook: https://www.facebook.com/MaggaEducation
LinkedIn: https://www.linkedin.com/company/magga-education
Thank you all for your support.
Respectfully,
Magga Education Team
Phone: 09 44802 1331, Email: contact@maggaeducation.com
ထုတ်ပြန်ကြေညာချက်။ Magga Education (မဂ္ဂပညာရေး) နှင့် နာမည်ဆင်တူ ပညာရေးသင်တန်းကျောင်းများ ထွက်ပေါ်လာခြင်းအပေါ် အသိပေး အကြောင်းကြားခြင်း။
Magga Education (မဂ္ဂပညာရေး)သည် မြန်မာနိုင်ငံအတွင်းရှိ လူငယ်များ၊ သင်တန်းဆရာ/ဆရာမများ၊ အခြား အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ အများနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများ နှင့် ပုဂ္ဂလိက အဖွဲ့အစည်းများတွင် ပါ၀င်နေသူများအတွက် လိုအပ်သည့် အသိပညာ ဗဟုသုတ၊ အတတ်ပညာ နှင့် စိတ်နေသဘောထားများကို မြှင့်တင်ပေးရန် ရည်ရွယ်ချက်များဖြင့် ပညာရေး နှင့် သင်တန်းပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှ ယခုအချိန်ထိ ပြုလုပ်ပေး နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။
ယခုနောက်ပိုင်းတွင် Magga Education (မဂ္ဂပညာရေး) နှင့် ဆင်တူနာမည်များဖြင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းအချို့ ပေါ်ထွက်လာသည်ကို လူမှုကွန်ရက် စာမျက်နှာအချို့တွင် တွေ့မြင်နေရပါသည်။ ကျွန်ုပ်တို့ Magga Education (မဂ္ဂပညာရေး) ထံသို့ မကြာခဏဆိုသလို ကျွန်ုပ်တို့လက်ရှိဆောင်ရွက်နေသော အစီအစဉ်များနှင့် မသက်ဆိုင်သည့် မှားယွင်းဆက်သွယ်မှုများ ရှိလာပြီး အမှတ်မှားစရာ၊ ရှုပ်ထွေးစရာများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကျွန်ုပ်တို့ Magga Education (မဂ္ဂပညာရေး)၏ မိတ်ဆွေများ၊ သင်တန်းသူ/သားများ နှင့် မိတ်ဖက်အဖွဲ့အစည်းများအားလုံး ရှင်းလင်းစွာ သိရှိနိုင်စေရန်အတွက် ယခုလိုထုတ် ပြန်ပြီး အသိပေးရခြင်း ဖြစ်ပါသည်။ ၎င်းဆင်တူနာမည်များဖြင့် ပညာရေးဝန်ဆောင်မှုများ ပေးနေသည့် အဖွဲ့ အစည်းများသည် ကျွန်ုပ်တို့ Magga Education (မဂ္ဂပညာရေး) နှင့် မည်သည့် အကြောင်းနှင့်မျှ ဆက်စပ်ပတ်သက်ခြင်း မရှိသည့်အကြောင်းကို မဂ္ဂပညာရေး၏ မိတ်ဆွေများ၊ သင်တန်းသူ/သား ဟောင်းများ နှင့် မိတ်ဖက်အဖွဲ့အစည်းများအားလုံးကို ဤကြေညာချက်ဖြင့် လေးစားစွာ အသိပေးအပ်ပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့ Magga Education (မဂ္ဂပညာရေး) နှင့် အခြား နာမည်ဆင်တူ အဖွဲ့အစည်းများကြားရှိ မတူကွဲပြားမှုကို မိတ်ဆွေများအနေဖြင့် ကွဲပြားစွာ သိရှိအောင် လေ့လာစေလိုပါသည်။ မိမိဆက်သွယ်လိုသော အဖွဲ့အစည်းသည် မည်သည့် အဖွဲ့အစည်းဖြစ်သည်ကိုလည်း ရှင်းရှင်းလင်းလင်း သိရှိအောင် ပြုလုပ်စေလိုပါသည်။ ကျွန်ုပ်တို့ Magga Education (မဂ္ဂပညာရေး) နှင့် ၎င်း၏ အစီအစဉ်များကို စိတ်ဝင်စားပြီး ဆက်သွယ်လိုပါက ကျွန်ုပ်တို့၏ အောက်ပါ သက်ဆိုင်ရာ တရားဝင် လူမှုကွန်ရက်စာမျက်နှာများ နှင့် ဝက်ဘ်ဆိုဒ်များကို ဝင်ရောက်လေ့လာနိုင်ပါသည်။ အောက်ပါ လူမှုကွန်ရက်စာမျက်နှာများနှင့် ဝက်ဘ်ဆိုဒ်များမဟုတ်ပါက ကျွန်ုပ်တို့၏ Magga Education (မဂ္ဂပညာရေး) နှင့် မသက်ဆိုင်ကြောင်း လေးစားစွာ အသိပေး အပ်ပါသည်။ ကျေးဇူးတင်ပါသည်။
Website: www.MaggaEducation.com
Facebook: https://www.facebook.com/MaggaEducation
LinkedIn: https://www.linkedin.com/company/magga-education
လေးစားစွာဖြင့်
မဂ္ဂပညာရေးအဖွဲ့
Phone: 09 44802 1331, Email: contact@maggaeducation.com